Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

ဧပြီလ ၁၀ ရက်နေ့ကို Nirvana နေ့အဖြစ်သတ်မှတ်


Rock and Roll Hall of Fame မှာမှတ်တမ်းတင် ဂုဏ်ပြုခံရပြီးမကြာခင်မှာပဲ Nirvana အဖွဲ့ဟာအခြားဂုဏ်ပြုမှုတစ်ခုနဲ့ကြုံရပါဦးမယ်။ လာမယ့်နှစ်မှာပဲ Washington မှာရှိတဲ့ Hoquaim မြို့က ဧပြီလ ၁၀ ရက်နေ့ကို Nirvana Day အဖြစ်ကြေငြာမှာဖြစ်ပါတယ်။
Kiss, Peter Gabriel, Car Stevens အပါအ၀င်အခြားသောသူများနဲ့အတူ Nirvana ကို Rock and Roll Hall of Fame ရဲ့ ၂၀၁၄ class ထဲမှာပါဝင်မှတ်တမ်းတင်ဂုဏ်ပြုမှာဖြစ်ပါတယ်။  အဲဒီ့အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ Brooklyn, New York မှာရှိတဲ့ Barclays Center မှာကျင်းပမှာဖြစ်ပါတယ်။ Hoquiam မြို့ရဲ့ မြို့တော်ဝန်က Nirvana နေ့အဖြစ်ကြေငြာမယ့်ရက်ထဲမှာပါပဲ။
Nirvana ဟာ Washington Grays ဆိပ်ကမ်းအရပ်မှာ သိသာထင်ရှားပြီးအပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကိုထားသွားခဲ့တာဖြစ်ကြောင်း   Hoquiam မြို့တော်ဝန် Jack Durney ကပြောပါတယ်။
“ဒီလူ့အဖွဲ့အစည်းအတွက် ကြီးကျယ်မြင့်မြတ်မှုတစ်ခုကိုသူတို့ သယ်ဆောင်လာတယ်လို့ကျွန်တော်ထင်ပါတယ်။ ပြီးတော့ Kurt Cobain တစ်ယောက် Hoquiam မှာနေသွားတာကောင်းပါတယ်။ ပြီးတော့သူနဲ့ Krist Novoselic တို့ဟာကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အစိပ်အပိုင်းတွေဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သားတွေ(Kurt Cobain လိုလူမျိုးတွေ) နဲ့သူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့စွမ်းဆောင်မှုတွေအတွက် ဂုဏ်ပြုရတာ ကောင်းတဲ့အလုပ်လို့ကျွန်တော်ထင်ပါတယ်” လို့ မြို့တော်ဝန် Durney ကပြောပါတယ်။
Kurt Cobain ဟာ Aberdeen မှာကြီးပြင်းခဲ့တာဖြစ်ပြီး Hoquiam မှာခဏတာနေသွားခဲ့ပါတယ်။ Nirvana နေ့နဲ့ ၂၀၁၄ Rock and Roll Hall of Fame ဂုဏ်ပြုပွဲကျင့်ပမယ့်နေ့ဖြစ်တဲ့ ဧပြီ ၁၀ ရက်ဟာ Kurt Cobain သေဆုံးတာနှစ် ၂၀ မြောက်တဲ့နေ့ အပြီးနောက် ၅ရက်မှာကျရောက်မှာဖြစ်ပါတယ်။
Ref:loudwire
http://www.trend.com.mm/2013/12/27/rock-1317

No comments:

Post a Comment