Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

Myanmar Mobile Money


မြန်မာ မိုဘိုင်းလ် ငွေကြေး ၀န်ဆောင်မှု ဆိုသည်မှာ သုံးစွဲသူသည် မိမိအကောင့်ထဲမှ ငွေကို ငွေသား ကိုင်ဆောင်စရာ မလိုဘဲ လွယ်ကူ စိတ်ချစွာ ဖုန်းရှိရုံဖြင့် အသုံးပြုနိုင်သည်။

ပစ္စည်း (သို့) ၀န်ဆောင်မှုများ ၀ယ်ယူခြင်း အတွက် ငွေပေးချေ ရာတွင် ငွေသားအစား ဖုန်းရှိရုံဖြင့် ငွေလွှဲပြောင်း ပေးချေနိုင်သော Service တစ်ခုဖြစ်သည်။

Mobile Money ကို သုံးစွဲခြင်း အားဖြင့်

1.ငွေစက္ကူ အများအပြား ထိန်းသိမ်းရန်မလိုတော့ခြင်း

2.24/7 Service ရှိခြင်း (1212)

3.ငွေကြွှေမလိုတော့ခြင်း

4.ငွေသွင်း/ထုတ်ရန် ဘဏ်အထိသွားလာရသည့် အချိန်ကုန်သက်သာခြင်း

5.ဘဏ်မရှိသော ကျေးရွာလေးများအထိ ဖုန်းရှိရုံဖြင့်ငွေလွှဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။



Mobile Money အကောင့်ဖွင့်ခြင်း၊

Mobile Money Service အသုံးပြုမည်ဆိုပါက ရှေးဦးစွာ Myanmar Mobile Money နှင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ပြီး Register လုပ်ရပါမည်။

Bank Account ရှိပြီးသူများလည်း Mobile Money အသုံးပြုရန်အတွက် သီးသန့်အကောင့်တစ်ခု ထပ်ဖွင့်ရပါမည်။

အကောင့်ဖွင့်ရန်အတွက် မှတ်ပုံတင်၊ မိမိကိုယ်ပိုင်ဖုန်းနှင့် ဆိုင်းထိုးရန်အတွက် အကောင့်ဖွင့်လိုသူကိုယ်တိုင် လာရောက်၍ အနည်းဆုံး ငွေငါးထောင် စသွင်းပြီး ဖွင့်နိုင်သည်။

အကောင့်ဖွင့်၍ Register လုပ်ပြီးပါက မိမိ၏ မိုဘိုင်းလ် ဖုန်းအကောင့်အတွက် Pin Code. 4-8 (number only) ရမည်။ ထို Pin Code. အခြား မည်သူမှမသိအောင် ထိန်းသိမ်းထားရမည်။

ငွေကို ဘယ်လို လွှဲကြမလဲ?

Mobile Money ကို အသုံးပြု ခြင်းအားဖြင့် နယ်မှာ ရှိတဲ့ ကိုယ့်ဆွေမျိုးတွေကို ငွေလွှဲ ၍ ရမည် ဖြစ်သည်။

မိမိလုပ်ငန်းနဲ့ပတ်သက်တဲ့ငွေလွှဲမှုများပါလုပ်နိုင်မည်ဖြစ်သည်။ဘဏ်တွေမဖွင့်နိုင်တဲ့နယ်တွေအထိဖုန်းလိုင်းမိနေမည်ဆိုပါကငွေလွှဲနိုင်ပါသည်။

ငွေလွှဲချင်တယ်ဆိုရင် အရင်ဆုံးလွှဲမည့်လူက Register လုပ်ထားဖို့ လိုပါသည်။ ထို့နောက် လွှဲမည့် ငွေကို သွင်းထားရပါမည်။

ကိုယ်လွှဲချင်တဲ့ လူရဲ့ ဖုန်းနံပါတ် သိလျှင် လွှဲလို့ရပါပြီ။
ငွေလွှဲလက်ခံသူက Message တစ်စောင်လက်ခံရရှိမည်။ Message တွင် ငွေလွှဲ Amount နှင့် Code No. တစ်ခု ပါရှိမည်။

ငွေထုတ်ရန် ငွေလွှဲရသည့် ဖုန်း။ မှတ်ပုံတင် နှင့် Code No. ပြောပြီး နီးစပ်ရာ Agent ထံတွင် ငွေထုတ်ရမည်။

ငွေလွှဲ လက်ခံသူမှ ငွေထုတ်ယူသွားပါက ငွေလွှဲ သူထံ လွှဲငွေ ထုတ်ယူပြီးသွားကြောင်း Message ဖြင့် အကြောင်းကြားပေးမည်။
Mobile Money Service အသုံးပြု သူ အချင်းချင်း ငွေလွှဲခြင်းကို မည်သည့် ဒေသတွင်မဆို ဖုန်းလိုင်းမိပါက အသုံးပြု နိုင်ပါသည်။

ငွေလွှဲ နိုင်ရန် အတွက် မိမိလွှဲ လိုသည့် account ကို ငွေသွင်းထားပြီး မိမိ လွှဲ လိုသူ၏ ဖုန်းနံပါတ် သိရုံဖြင့် ငွေလွှဲ နိုင်ပါသည်။

Myanmar Mobile Money နှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက
http://www.myanmarmobilemoney.com/

 
တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Posted by Slidjer

No comments:

Post a Comment