Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 8, 2013

မုံရွာမြို့ GTC ကျောင်းသားတစ်ဦး ရဲ့ ဆိုင်ကယ် ချင်း အတိုက်ခံရအမှု




၉ _ ၁၂ _ ၂၀၁၃ မုံရွာမြို့နယ် တရားရုံး မှ ရုံးချိန်းခေါ်ထားခြင်း ..

ဖြစ်စဉ်မှာ ။ ။ အောက်တိုဘာ ( ၃၁ ) ရက်နေ့ညပိုင်း ( ၇ ) နာရီခန့်က

IT ကျောင်းသား မောင်အာကာမြင့်ထွေး နှင့် သူငယ်ချင်း ငါးဦး ဆိုင်ကယ်သုံးစင်းဖြင့်

ရွှေတောင်ဦး ဘုရားဖူး သွားခဲ့ ကြ ပြီး အပြန်တွင် အောင်ချမ်းသာ ရပ် မှ ရွှေတောင်ဆီဆိုင်

ဆီဖြည့်ကြသည် ။ ဆီ မရ၍ ပြန်အထွက်တွင် မောင်အာကာမြင့်ထွေး + မောင်လှဝိုင်း

တို့၏ နောက်ဆုံးမှထွက်လာခဲ့သည့် ဆိုင်ကယ်ကို / မုံရွာ သီတင်းကျွတ် ဘုရားပွဲ မှ

အရက်မူး၍ ပြန်လာကြတဲ့ ( ဆက်သွယ်ရေးတပ်သား _ ကံဋ္ဌေး ) + ဆန်းမင်းအောင် +နိုင်မင်းဦး

သုံးယောက်တစ်စီးလာခဲ့သည့် လိုင်စစ်မဲ့ ဆိုင်ကယ်ဖြင့် အရက်မူးလွန်ပြီးရှေ့မီးမဖွင့်ပဲ

မောင်းလာခဲ့၍ .. အရှိန်မထိန်းနိုင်ပဲ GTC ကျောင်းသား မောင်အာကာမြင့်ထွေး ဆိုင်ကယ်

ဝင်တိုက်မိပြီး အရှိန်များသောကြောင့် နောက်ထပ် လမ်းဘေး ကတမာပင် ကို ဆက်လက်

ဝင်တိုက်ပါသည် ။ GTC ကျောင်းသားမောင်အာကာမြင့်ထွေး ခြေထောက် (ဒဏ်ရာပြင်း) .. 

လက်တွေ မှာပွန်းပဲ့ ဒဏ်ရာ နဲ့ လက်ကောက်ဝတ် အရိုး အက်သွားခဲ့ ၍ 

ဆက်သွယ်ရေး တပ်သား _ ကံဋ္ဌေး မှာလည်း ခြေထောက် ( ဒဏ်ရာပြင်း ) ဖြစ်ခဲ့ကြပါသည် ။

.... တပ်သား ကံဋ္ဌေး မှာ စစ် စည်းကမ်းအရ အရေးယူမည်ဖြစ်ပြီး .. GTC ကျောင်းသား

မောင်အာကာမြင့်ထွေး တစ်ယောက်တည်းပဲ တရားရုံးသို့ .. ယာဉ်ထိန်း ဒုရဲအုပ် ဦးကျော်သူ မှ

ရဲစခန်းကနေ တရားရုံးသို့ပို့၍ တရားစွဲဆို ခဲ့ပါသည် ။ လက်ရှိ အချိန်မှာ ဆိုင်ကယ်နှင့် လူကို

အာမခံဖြင့် အပြင်ထုတ်ထားပါသည် ။ မနက်ဖြန် ၉ - ၁၂ - ၂၀၁၃ နေ့တွင် အမှုကို စစ်ဆေးပြီး

မည်သို့ အပြစ်ဒဏ် ချမည်ကို နားစွင့် ပေးကြပါရန် ▬ ▬ ▬


.... မိတ်ဆွေ - သူငယ်ချင်း များ

.... အားလုံးကို လေးစားလျှက်

No comments:

Post a Comment