Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

မွတ်ဆလင် ဘရားသား ဟုဒ် ကို အကြမ်းဖက် အဖွဲ့  အစည်း အဖြစ် ကြေငြာ

_71927186_020404605-1
မွတ်ဆလင် ညီ အကို တော် များ အဖွဲ့  ကို အီဂျစ် စစ်တပ် က ကျောထောက်နောက်ခံ
ပေး ထား တဲ့ ကြားဖြတ် အစိုးရ အဖွဲ့  က အကြမ်းဖက် အဖွဲ့  အစည်း အဖြစ် ကြေငြာ
လိုက်ပါတယ်။
လွန်ခဲ့တဲ့ ခြောက်လ လောက် က အဲဒီအဖွဲ့  ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ သမ္မတ မို
ဟာမက် မော်စီ ကို ရာထူး က ဖယ်ရှားပြီး နောက် စက်တင်ဘာလမှာ
ဆူပူအုံကြွ မှု တွေ လုပ် လို့  မတရား အသင်း လို့  ပဲ ကြေငြာထား ခဲ့ တာ ဖြစ် ပါတယ်။
စစ်တပ် က ဘရားသားဟုဒ် ခေါင်းဆောင် အတော်များများ ကို ထောင်သွင်း အကျဉ်းချ
ပြီး နောက် အခု လို ကြေငြာ လိုက်တာ ဖြစ် ပါတယ်။
တနင်္လာ နေ့  က ဆိုင်းနိုင်း ကျွန်းဆွယ် က အီဂျစ် ရဲ မင်းကြီး ရုံး မှာ လူ ၁၆ ဦးပြီး ၁၀၀ ကျော်ဒဏ်ရာရတဲ့
ဗုံးပေါက်ကွဲ မှု ဟာ ဘရားသား ဟုဒ် အဖွဲ့  ကြောင့် ဖြစ်တယ် လို့  စွပ်ဆွဲ  ပြီး တဲ့ နောက်
မှာ အကြမ်းဖက် အသင်း အဖြစ် ကြေငြာတာ ဖြစ် ပါတယ်။
လန်ဒန် မှာ ရှိ တဲ့ မွတ်ဆလင် ဘရားသားဟုဒ် ခေါင်းဆောင် က ” အီဂျစ် ကြားဖြတ် အစိုးရ
ရဲ့ ကြေငြာချက် က တရား မ၀င်ဘူး ၊ ဆန္ဒပြမှု တွေ ထပ် လုပ် မယ် ၊ ဗုံးပေါက် ကွဲမှု
ဟာ သူတို့  နဲ့  မဆိုင်ဘူး ” လို့  ပြော ပါတယ်။
၁၉၅၄ ခုနှစ် မှာ အီဂျစ် အစိုးရ က မွတ်ဆလင် ဘရားသားဟုဒ် ကို မတရား အသင်း အဖြစ်
ကြေငြာ ခံ ရပြီး  ခေါင်းဆောင် တွေ ဟာ မြေအောက်လှုပ်ရှားမှု ဆက် လုပ် ဆောင်ခဲ့ ပါတယ်။
အီဂျစ် ကြားဖြတ် ၀န်ကြီး ချုပ် Hossam Eissa က အီဂျစ် နိုင်ငံ ရဲ့  မြောက် ဘက် က တောင်ဘက်
အထိ ၊ အနောက် က နေ အရှေ့  အထိ အကြမ်းဖက် လုပ်ငန်း တွေ လုပ်ဆောင် နေ လို့  မွတ်ဆလင် ဘရားသားဟုဒ် ကို
အကြမ်း ဖက် အဖွဲ့  အဖြစ် သတ်မှတ်ရတာ လို့  ရုပ်သံ သတင်း မှာ ပြောကြား သွား ပါတယ်။
Egypt, Muslim Brotherhood, Mrosi,

No comments:

Post a Comment