Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 3, 2013

အမဲနှပ်

 

အမဲသားများကို ရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးလေးများတုံးပါ။ပြီးလျှင် အမဲသားညှီနံ့ပြောက်အောင် ညက်အောင်ထောင်းထားသော ဂျင်းနှင့်ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ထည့်နယ်ပေးပါ။ ထို့နောက် ဆား၊ငံပြာရည်၊နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် ရောနယ်ကာ အနည်းဆုံး ၃ နာရီလောက်ကြာအောင် ရေခဲသေတ္တာတွင် ထည့်ပြီးနှပ်ထားပါ။ ကြာကြာနှပ်လေအရသာများ အသားထဲသို့စိမ့်ဝင်ပြီး ချက်သည့်အခါတွင်လည်း အသားမြန်မြန်နူးလွယ်ပါသည်။ ပြီးနောက် ကြက်သွန်နီများများကို ပါးပါးလှီးပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာခါနီးတွင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးခြောက်တို့ကို အိုးထဲသို့ ထည့်ပြီးမွှေပါ။ ကြက်သွန်အားလုံး ကျက်တာညီပြီး အနံ့မွှေးလာပါက ငရုတ်သီးအရောင်တင်မှုန့် နှင့်ငရုတ်ကောင်း အနည်းငယ်ကို ထည့်ကာမွှေပြီးတာနှင့် တပြိုင်နက် နှပ်ထားသော အမဲသားများကိုထည့်ကာ ဆီပြန်လာသည်အထိ မပြတ်မွှေပေးကာ ဆီပြန်လာလျှင် ရေမြုတ်အောင်ထည့်၍ တည်ထားပါ။ အမဲ (သို့) ဆိတ်သား ချက်ရာတွင် ငရုတ်ကောင်းနည်းနည်း ထည့်ပြီး ဆီသတ်ချက်လျှင် ညှီနံ့ပြောက်ပြီး အရသာလဲ ပိုပြီးစားကောင်းပါတယ်။ 

ထို့နောက် အရည်များ ပွက်ပွက်ဆူလာလျှင် အသားမနူးသေးပါက ရေအနည်းငယ်ထည့်ကာ အသားများနူးအိလာသည်အထိ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများခမ်းလာကာ အသားများနူးအိ၍ ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်ပြီး မဆလာအုပ်ကာ အရသာကောင်းမွန်သော အမဲနှပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ ဆိတ်သားဟင်း/ဆိတ်သားနှပ်ကိုလည်း ဒီနည်းအတိုင်းပဲ ချက်ပါတယ်။
(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်)
အမဲနှပ်ဟင်းကို သီးစုံပဲကုလားဟင်း၊ မြင်းခွါရွက်သုပ် (သို့) မုန်လာဥပိုးတီသုပ်၊ ငံပြာရည်ချက်နှင့်တို့စရာ တို့ဖြင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

No comments:

Post a Comment