မဇ္ဈိမ| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်
ဥရောပသမဂ္ဂ၏ အစည်းအဝေး ဗီဒီယိုနှင့် အသံဖိုင်မှတ်တမ်းများကို အဓိကTarget ထား ဖောက်ထွင်းယူ ခဲ့သည့် FBI သည် လက်ရှိတွင် တရားရင်ဆိုင်နေပြီး အဆိုပါအဖွဲ့သည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီအား ကြိုး ကိုင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂက မည်သို့တုံ့ပြန်မည် မသိရှိသေးသည့်အချိန်တွင် မိုက်ခရို ဆော့ဖ်၏ နည်းပညာတစ်ခုကို ကြိုးကိုင်သူသည် FBI ဖြစ်သည်ဟူသော သတင်းတစ်ပုဒ်က တစ်ကမ္ဘာ လုံးသို့ တုန်လှုပ်စေခဲ့သည်။
စက်တင်ဘာလတွင် FBI သည် သတင်းအချက်အလက် ပေါက်ကြားမှုနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့သည်။ FBI သတင်းများ ပေါက်ကြားသကဲ့သို့ ကုလသမဂ္ဂရုံး၏ သတင်းအချက်အလက်များ ကိုလည်း ခိုးယူခဲ့သည်ဟူသော ကြီးမားသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။
သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲ၏ အားနည်းချက် Backdoor ကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။အဆိုပါ Backdoor ဆော့ဖ်ဝဲ၏ နောက်ဝင်ပေါက် (လျှို့ ၀ှက်ဖောက်ထွင်းပေါက်) တစ်ခုကိုထားရှိရန် FBI က စေခိုင်းခဲ့ခြင်းဖြစ်ပြီး Microsoft ကလည်း နားလည် မှုနှင့် သဘောတူပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်လာခဲ့သည်။
အမေရိကန် FBI ကို သတင်းသမားများ ဆက်သွယ်မေးမြန်းသော်လည်း အဆိုပါသတင်းနှင့် ပတ်သက်၍ ငြင်းဆန်နေဆဲဖြစ်သကဲ့သို့ Microsoft မှလည်း ငြင်းဆန်ခဲ့သည်။ သို့ပေမယ့် သက်သေ အထောက် အထားနှင့်တကွ ပြောလာသည့် ပညာရှင်များကို FBI မည်သို့တုံ့ပြန်သွားမည်ကို စောင့်ကြည့်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါသတင်းများ မှန်ကန်ခဲ့လျှင် ကမ္ဘာပေါ်ရှိ Microssoft platform သုံးနေသည့် ကွန်ပျူတာအားလုံး ကိုလည်း FBI က အလွယ်တကူ ၀င်ရောက်နိုင်မည်ဖြစ်ကြောင်း၊ FBI က ယင်းနည်းပညာကို အသုံးချပြီး ကုလသမဂ္ဂသတင်းများကို ဖောက်ထွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်
၂၀၀၅ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် Microsoft ၏ Bitlocker ဆော့ဖ်ဝဲကို Windows အိုင်တီ သမားများ သိကြမည်ဖြစ်ပြီး ဟာ့ဒ်ဝဲနှင့် ကွန်ပျူတာလုံခြုံရေးအတွက် ကြားခံတားမြစ်ပေးသည့်၊ ဖွင့်လှစ် ပေးသည့် ဆော့ဖ်ဝဲမျိုး (Encryp-tion Software)ဖြစ်ပြီး ထုတ်လုပ်အောင်မြင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment