- 02 December 2013 |
- By Good Health
အဆင့်(၁)
ဂွမ်းစအနည်းငယ်ကို ယူပြီး Baby oil ထဲကို နှစ်ထားပါ။ Baby oil အစား Mineral oil နဲ့ Olive oil တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
အဆင့်(၂)
Baby oil ထဲမှာ နှစ်ထားတဲ့ ဂွမ်းစကို နှုတ်ခမ်းနီစွဲထင်နေတဲ့ နှုတ်ခမ်းပေါ်တင်ပြီး ငါးစက္ကန့်မှ ၁ဝစက္ကန့်ကြာအောင် ထားပါ။ ပါးစပ်ထဲမဝင်အောင် ဂရုပြုဖို့တော့လိုပါတယ်။ နှုတ်ခမ်းမှာစွဲထင် နေတဲ့နှုတ်ခမ်းနီတွေ ပြန်လည်စိုစွတ်လာတာကြောင့် အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။
အဆင့်(၃)
ဂွမ်းကို နှုတ်ခမ်းပေါ်ကနေ ဖယ်ရှားလိုက်ပါ။ နှုတ်ခမ်းမှာ စွန်းထင်းနေတဲ့ နှုတ်ခမ်းနီတွေ ရှိနေသေးတယ်ဆိုရင်တော့ အထက်ပါနည်းလမ်းအဆင့်(၁)နှင့် အဆင့်(၂)အတိုင်း ထပ်မံလုပ် ဆောင်ပေးပါ။
အဆင့်(၄)
နှုတ်ခမ်းပေါ်မှာ ကပ်တင်နေတဲ့ အဆီတွေကို သန့်ရှင်းပြီး စိုစွတ်တဲ့ အဝတ်စနူးနူးညံ့ညံ့နဲ့ ဖယ်ရှားပေးပါ။
အဆင့်(၅)
နှုတ်ခမ်းပေါ်စွန်းထင်း နေတဲ့ နှုတ်ခမ်းနီဖျက်ဖို့ အဆီတစ်မျိုး မျိုးမရှိခဲ့ရင် မိတ်ကပ်ဖျက်ဆေးနဲ့လည်း ဖျက်ပေးနိုင် ပါတယ်။
No comments:
Post a Comment