Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 8, 2013

၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူမည်


၈.၁၂.၂၀၁၃၊ တနင်္ဂနွေနေ့

ရွှေတိဂုံ စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမှုကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ လုံးတော်ပြည့်ရွှေ သင်္ကန်း ကပ်လှူမှုကို ငါးနှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ကလည်း ကျင်းပခဲ့ကြောင်း သိရသည်။ လာမည့် ၂ဝ၁၄ ခုနှစ် ပွင့်လင်း ရာသီမှ စတင်၍ ၂ဝ၁၅ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် တန်ဆောင်းများ ထိန်းသိမ်းမွမ်းမံခြင်း၊ ဆေးသုတ်ခြင်းများသာ လုပ်ဆောင်နေပြီး အကြီးစား တည်ဆောက်မှုများ ဆောင်ရွက်ခြင်း မရှိသေးဘဲ လာမည့်နှစ်မှသာ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည့် အစီအစဉ်ကို ပြုလုပ်ရန် စီစဉ်နေကြောင်းနှင့် ရွှေစင်ပြား ၉ဝဝဝ ခန့် ကပ်လှူရန် လျာထားလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment