ရန်ကုန်၊ ဒီဇင်ဘာ ၉
၁၈.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်နေ ဒေါ်ရွှေကျေး၏ နေအိမ်တိုက်ခန်းအတွင်းမှ
ဆင်းကဒ်ပါ SAMSUNG လက်ကိုင်ဖုန်း (၁)လုံး၊ တိုရှီဘာလက်တော့ (၁)လုံး၊ လက်ဝတ်ရတနာမျိုးစုံ(၇)မျိုး နှင့် ငွေကျပ် (၂)သိန်း၊
စုစုပေါင်းတန်ဘိုး (၄၃၈၂၇၉၅)ကျပ်နှင့် အမေရိကန်ဒေါ်လာ (၃၀၀)တို့
ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း(ပ)၇၅၈/၂၀၁၃၊
ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး ခိုးယူသူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်စဉ် ၂၅.၁၁.၂၀၁၃ရက်နေ့ ၁၅၁၅အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းတွင် မသင်္ကာတရားခံ သူရအောင် (ဘ)ဦးဝင်းအောင်မိုး၊ ဗိုလ်တထောင်မြို့နယ်နေသူနှင့် မသန်းသန်းထွေး(ခ)ဇူးဝတ်မှုန် (ဘ)ဦးဝင်းနိုင်၊ ရန်ကင်းမြို့နယ်နေသူတို့ (၂)ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၇၅၈/၂၀၁၃၊ ပုဒ်မ ၃၈၀အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။
ထို့အပြင် ၎င်းတို့ (၂)ဦးသည် ၁၃.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၁)လမ်းရှိ နေအိမ်ခန်းအတွင်းမှ
ရွှေထည်လက်ဝတ်ရတနာများ၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၅၅)သိန်း
ပျောက်ဆုံးသဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း(ပ )၁၇၄/ ၂၀၁၃၊ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသော အမှုအားလည်းကောင်း၊ ၂၂.၁၁.၂၀၁၃ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ နေအိမ်ခန်းအတွင်းမှ လက်တော့မျိုးစုံ (၄)လုံး၊ ငွေကျပ် (၃)သိန်း၊စုစုပေါင်း (၂၂၇၀၀၀၀)ကျပ် ပျောက်ဆုံးသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၅၀၈ / ၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသော အမှုအားလည်းကောင်း ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး အခြားခိုးမှုများဖြင့် တိုက်ဆိုင်စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၁၈.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်နေ ဒေါ်ရွှေကျေး၏ နေအိမ်တိုက်ခန်းအတွင်းမှ
ဆင်းကဒ်ပါ SAMSUNG လက်ကိုင်ဖုန်း (၁)လုံး၊ တိုရှီဘာလက်တော့ (၁)လုံး၊ လက်ဝတ်ရတနာမျိုးစုံ(၇)မျိုး
စုစုပေါင်းတန်ဘိုး (၄၃၈၂၇၉၅)ကျပ်နှင့် အမေရိကန်ဒေါ်လာ (၃၀၀)တို့
ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း(ပ)၇၅၈/၂၀၁၃၊
ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး ခိုးယူသူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်စဉ်
ထို့အပြင် ၎င်းတို့ (၂)ဦးသည် ၁၃.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၁)လမ်းရှိ နေအိမ်ခန်းအတွင်းမှ
ရွှေထည်လက်ဝတ်ရတနာများ၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၅၅)သိန်း
ပျောက်ဆုံးသဖြင့် ဗိုလ်တထောင်မြို့မရဲစခန်း(ပ
No comments:
Post a Comment