Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

အန္တရာယ်အကင်းဆုံး ကားများစာရင်း ထုတ်ပြန်

ဟွန်ဒါ၊ ဆုဘာရုနှင့် ဗော်လ်ဗိုတို့သည် စီးနင်းသူများအား ကာကွယ်ပေးရာတွင် တိုးတက်မှု ရှိပြီး ဂျီအမ်ကဲ့သို့ ကုမ္ပဏီကြီးများ နောက်ကျန်နေခဲ့ကြောင်း အမြန်လမ်း အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အာမခံလုပ်ငန်းဌာနမှ အန္တရာယ်အကင်းဆုံး ကား ၂၂ မျိုး စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။
BMW 328i တစ်စင်းကို အမြန်လမ်း အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အာမခံလုပ်ငန်းဌာနမှ ယာဉ်တိုက်မှု စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်နေပုံ ဖြစ်ပါသည်။BMW 328i တစ်စင်းကို အမြန်လမ်း အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အာမခံလုပ်ငန်းဌာနမှ ယာဉ်တိုက်မှု စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်နေပုံ ဖြစ်ပါသည်။ဟွန်ဒါမော်တာကုမ္ပဏီမှ ထုတ်လုပ်သည့် Honda နှင့် Acura ယာဉ် အမျိုးအစား ၆ ခုသည် ၎င်း ထိပ်တန်း ၂၂ စာရင်းမှာ ပါဝင်ခဲ့သည်။
'ထိပ်တန်းအန္တရာယ်ကင်း လက်ရွေးစင် ပလပ်စ်' ရွေးချယ်မှုအတွက် အာမခံဌာနသည် ယာဉ်များကို တိုက်ခိုက်မှု ပုံစံအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့သည့်အပြင်၊ ယာဉ်ရှေ့ရှိ တစ်စုံတစ်ခုကို တိုက်မိတော့မည့် အခြေအနေကို ယာဉ်မောင်းသူအား ကြိုတင်သတိပေး စနစ်လည်း အနည်းဆုံး တစ်မျိုး တပ်ဆင်ထားရမည်ဟု သတ်မှတ်ထားသည်။
ထိပ်တန်းလက်ရွေးစင်များတွင် ရွေးချယ်ခံရသော ဟွန်ဒါအမျိုးအစားများမှာ Civic hybrid ၊ တံခါးနှစ်ပေါက် နှင့် လေးပေါက် Accord ဆီဒင် ၊ Odyssey minivan ၊ Acura RLX နှင့် MDX တို့ဖြစ်သည်။
ဂျပန်မော်တော်ယာဉ် ကုမ္ပဏီတစ်ခုပင်ဖြစ်သော ဆူဘာရုသည်လည်း Legacy ၊ Outback နှင့် Forester တို့ ရွေးချယ်ခံရပါသည်။
ဥရောပတိုက်၊ ဆွီဒင်နိုင်ငံမှ ဗော်လ်ဗို S60 ၊ S80 နှင့် XC60 တို့လည်း အန္တရာယ်ကင်းသော ထိပ်တန်း ကားစာရင်းတွင် ပါဝင်သည်။
ဂျပန်နိုင်ငံမှ ဖြစ်သော မာဇဒါသည် Mazda3 ၊ Mazda6 နှင့် CX-5 ၊ အမေရိကန်ကုမ္ပဏီ ဖို့ဒ်၏ Fusion နှင့် Lincoln MKZ တို့ ထိပ်တန်းစာရင်းမှာ အရွေးခံရပါသည်။
တိုယိုတာမှာ မော်တော်ယာဉ် နှစ်မျိုးသာ ရွေးချယ်ခံရပြီး လူကြိုက်များသော Prius ကို နိုဝင်ဘာလ နောက်ပိုင်း ထုတ်လုပ်သော ကားများသာ ကန့်သတ်ကာ ကျန်တစ်မျိုးမှာ Highlander ဖြစ်၏
ထိပ်တန်း ပလပ်စ်စာရင်းဝင် အခြားကားများမှာ Infiniti Q50 ၊ မစ်ဆုဘီရှီ Outlander နှင့် မာစီးဒီး-ဘင့်ဇ် M-Class တို့ ဖြစ်သည်။
၎င်းစာရင်းထက် တစ်ဆင့်နိမ့်သော ဒုတိယတန်းဖြစ်သည့် 'ထိပ်တန်း အန္တရာယ်ကင်း လက်ရွေးစင်' မှာ ယခင်နှစ်ကထက် အမျိုးအစား ၁၃၀ လျော့နည်းသွားကာ ယခုနှစ်တွင် ၁၃၉ မျိုးသာ ရွေးချယ်ခံရပါတော့သည်။ လက်ရွေးစင် စံချိန်သတ်မှတ်ချက်များကို အာမခံဌာနက များစွာ အဆင့် မြှင့်တင် သတ်မှတ်လိုက်သောကြောင့် ဖြစ်ပါသည်။
ထူးထူးခြားခြားဆိုသလိုပင်၊ နာမည်ကြီးကုမ္ပဏီများ ဖြစ်သော BMW ၊ Cadillac နှင့် Lexus တို့မှာ ထိပ်တန်း အန္တရာယ်ကင်း ပထမဆင့်တွင်ရော၊ ဒုတိယဆင့်တွင်ပါ ရွေးချယ်မခံကြရပါ။
ထို့အပြင်၊ ဩဇာရှိသော Consumer Reports ခေါ် ဝယ်ယူသူသို့ အစီရင်ခံစာ မဂ္ဂဇင်းသည် တိုယိုတာ၏ လူကြိုက်များသော Camry ကို အသေးစား စမ်းသပ်ချက်တစ်ခုတွင် သိပ်မကောင်းလှကြောင်း တွေ့ရှိသဖြင့် ၎င်း၏ ထောက်ခံချက်ပေးသော စာရင်းမှ ဖြုတ်ပစ်ခဲ့သည်။ ထို့ကြောင့် တိုယိုတာသည် Camry ကို ရေးကြီးသုတ်ပျာ ဒီဇိုင်းပြန်လုပ်ခဲ့ပြီး တစ်ဖန်ပြန်လည် စမ်းသပ်စေခဲ့ပါသည်။ ယခု ဒီဇင်ဘာလမှ စတင်ထုတ်လုပ်သော Camry များသည် လက်ခံနိုင်ဖွယ် အမှတ်ရရှိကာ ထောက်ခံချက်စာရင်းတွင် ပြန်လည် ပါဝင်ခဲ့သည်။
မော်တော်ယာဉ်ထုတ်လုပ်သော ကုမ္ပဏီများသည် ထိုကဲ့သို့ စစ်ဆေးစမ်းသပ်မှု အစီရင်ခံစာများကို အရေးတကြီး အလေးအနက်ထားပါသည်။ ထိပ်တန်းအဆင့်ဝင်လျှင် ဈေးကွက် မျက်နှာပန်းလှ၍ အမှတ်မကောင်းလျှင် နာမည်ကျပါသည်။
(မှတ်ချက်။       ။ ယခု စမ်းသပ်ချက် အစီရင်ခံစာများသည် ယာဉ်ပေါ်တွင် စီးနင်းသူများ ဘေးအန္တရာယ် ကင်းရှင်းရေး သက်သက်အတွက်သာ ဖြစ်သည်။ အင်ဂျင်ကောင်းခြင်း၊ မောင်း၍ကောင်းခြင်း၊ ဆီစားသက်သာခြင်းတို့ဖြင့် လုံးဝ မသက်ဆိုင်ပါ။)

No comments:

Post a Comment