CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 27, 2013
ကျေးဇူးတင်ပါတယ် ရှင် .. ကျေးဇူးတင်ပါတယ် ခင်ညာ.
၁၂.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)
သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အရေ ပြားရောဂါဆိုးခံစားနေရသော မကွေးတိုင်း၊
ပွင့်ဖြူမြို့နယ်၊ မလွှကုန်းကျေးရွာနေ ကိုတင်မိုးနိုင် + မစန်း စန်းအေး
တို့၏ သမီးငယ် မခင်မေဦး (၆) နှစ်၊ သားငယ် မောင်ဟိန်းမင်းနိုင် (၁) နှစ်
မောင်နှမနှစ်ဦးတို့ သည် မိဘများနှင့်အတူ ဆေးဝါးကုသရန် ရောက်ရှိလာခဲ့ရာ
သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေပြား ဆရာ ဝန် ဒေါက်တာ တင်မောင်စိုးမှ
စစ်ဆေးကြည့်ရှုပြီး ဆေးရုံသို့တက်ရောက် ကုသဆောင်ရွက်ရန်လိုအပ် သည့်အတွက်
မြောက်ဥက္ကလာပဆေးရုံကြီးသို့ နေ့ချင်းတက်ရောက်နိုင်ရန် နာရေးကူညီမှုအသင်း
(ရန် ကုန်)မှ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံကြီးမှ
အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်စန္ဒာကျော် ၏ မေတ္တာ၊ စေတနာ၊
ကရုဏာတရားပြည့်ဝစွာဖြင့် ဂရုတစိုက်မှုကြောင့် ကလေးငယ်နှစ်ဦး၏
ထူးဆန်းသောရောဂါဆိုးအား စတင်၍ ကုသပေးရန်စီစဉ်ခဲ့သည်။ ထိုဖြစ်စဉ်အား
ကလေးငယ်များ၏ ခံစားနေရသော ဝေဒနာဆိုးအား အမြန်ဆုံးပျောက်
ကင်းစေလိုသောစေတနာဖြင့် ကုသမှုစရိတ်အား အလှူရှင်များအနေဖြင့်
လှူဒါန်းထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်၏ Facebook စာ မျက်နှာတွင်
ရေးသားဖော်ပြခဲ့ရာ အလှူရှင်များပေါ်ပေါက်လာသည့်အတွက် ကလေးငယ်များနှင့် မိဘ
ဖြစ်သူတို့၏ကိုယ်စား ကျွန်တော်တို့ ကျေနပ်ပီတိဖြစ်ခဲ့ရသည်။ သာဓု .. သာဓု ..
သာဓု ဟူ၍လည်း နှလုံး သားထပ်မှ ထဲထဲဝင်ဝင် ခေါ်ဆိုမိခဲ့သည်။
ကျေးဇူးတင်ပါတယ် ရှင် .. ကျေးဇူးတင်ပါတယ် ခင်ညာ.
Reviewed by VC
on
December 27, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment