CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 6, 2013
တိဗက်လွတ်လပ်ရေး မထောက်ခံဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ပြောကြား
ဘေဂျင်း၊ ဒီဇင်ဘာ ၂
တိဗက်လွတ်လပ်ရေးကို မထောက်ခံဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေတည်မြဲရေးကို ဗြိတိန်နိုင်ငံက လေးစားပြီး တိဗက်ဒေသကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အသိအမှတ် ပြုကြောင်း၊ တိဗက် လွတ်လပ်ရေးကို ထောက်ခံ မည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက တရုတ်နိုင်ငံ ခရီးစဉ်တွင် ကတိပြုလိုက်သည်။
ဗြိတိန်ဝန်ကြီးချုပ်နှင့် တိဗက်ခေါင်းဆောင် ဒလိုင်းလားမားတို့ ၂၀၁၂ ခုနှစ် မေလအတွင်း တွေ့ဆုံခဲ့ခြင်းကြောင့် ဒေးဗစ်ကင်မရွန်း၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့သည်။
နှစ်နိုင်ငံ အပြန်အလှန် လေးစားမှုနှင့် တန်းတူရည်တူ ဆက်ဆံမှုကို ကိုင်စွဲရမည် ဖြစ်ပြီး အထိအခိုက် မခံသည့်အရေး များကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဟု တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က ဗြိတိန်ဝန်ကြီးချုပ်ကို ပြောကြားသည်။
ထို့အပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ဘဏ္ဍာရေး နှင့် ငွေကြေးပူးပေါင်း ဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အရေးများတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ လုပ်ဆောင်သင့်ကြောင်း ကွန်မြူနစ် ခေါင်းဆောင်က ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို တိုက်တွန်းလိုက်သည်။
ကိုယ်ကျိုးစီးပွား ကာကွယ်သည့် စီးပွားရေး ရပ်တည်ချက် မကျင့်သုံးရန်၊ ဈေးကွက် ပွင့်လင်းမြင်သာမှု ရှိရန်၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများတွင် တစ်သမတ်တည်း ရှိရန်၊ တရုတ်ရင်းနှီးမြှုပ်နှံမှု များနှင့် နည်းပညာများကို အခြားသော နိုင်ငံများနှင့် တန်းတူရည်တူ ဆက်ဆံရန် ၄င်းက ဆက်လက် ပြောကြားသည်။
တရုတ်ကုမ္ပဏီနှင့် ငွေကြေးအဖွဲ့ အစည်းများကို ကြိုဆိုကြောင်း ကင်မရွန်းက ပြောကြားလိုက်ပြီး အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်းအရေး များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ကတိပြု လိုက်သည်။
ဥရောပသမဂ္ဂ (EU) နှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ EU-တရုတ် လွတ်လပ်စွာကုန်သွယ်မှု ဆွေးနွေးရေး များကိုလည်း လုပ်ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောကြား လိုက်သည်။
ဗြိတိန်ဝန်ကြီးချုပ်သည် သုံးရက်တာ အလည်အပတ် ခရီးအဖြစ် တရုတ်နိုင်ငံသို့ တနင်္လာနေ့တွင် ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်နှင့် အတူ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် လိုက်ပါလာသည်။
တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းစုများအရေး၊ အရှေ့တရုတ်ပင်လယ် အတွင်း လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်သည့် အရေးများနှင့် ပတ်သက်ပြီး တရုတ်နှင့် အာရှဒေသ အိမ်နီးချင်းနိုင်ငံ များကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း၏ တရုတ်နိုင်ငံ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
The Voice Weekly < Thank
တိဗက်လွတ်လပ်ရေး မထောက်ခံဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ပြောကြား
Reviewed by VC
on
December 06, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment