Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 24, 2013

မောင်ကိန်းရွှေဆိုင် တစ်ကိုယ်တော် ဓားပြတိုက်သူ ဖမ်းဆီးခံရ


အနုကြမ်းစီးမှုအပေါ် မန္တလေးသတင်းတပ်ဖွဲ့ မှသတင်းမှတ်တမ်း။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း ၈၀၊၂၉ လမ်း နှင့် လမ်း ၃၀ ကြားရှိ
မောင် ကိန်းရွှေဆိုင် တွင် ဒီဇင် ဘာ ၂၄ ရက် ည နေ ၅နာရီ ၄၅ မိနစ်ခန့်က
လူငယ်တစ်ဦး ရွှေဝယ်ဟန်ဆောင်၍ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍
ရွှေများ လုယက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က လူငယ်တစ်ဦး ဦးထုတ်ဆောင်း၊
နားခေါင်းစီး တပ်ကာ ဘေးလွယ်အိတ် လွယ်၍ ရွှေဆိုင် အတွင်း ဝင်ရောက်လာရာ
ဧည့်ကြိုမှ ""ဘာအလိုရှိလဲ"" ဟု မေးမြန်းရာပြောဆိုခြင်း မရှိဘဲ လက်ပြကာ
တောင် ဘက်ရွှေကလစ် နှင့် ဟန်းချိန်းများ ထားသည့်ကောင် တာသို့ သွားကာ
အစိမ်းရောင် တူဖြင့် မှန်ကောင် တာအား ရိုက်ခွဲပြီး ရွှေကလစ်များအား ယူဆောင်ပြီး
၉ မမ ပစ္စတို ထောင်ပြကာ ""မ အော် နှင့် အော်လျှင် ပစ်မည်""ဟု ပြောပြီး
နောက်ထပ် ရွှေကောင် တာကိုသေနတ်ဖြင့် မှန်ကို ပစ်ခွဲပြီး ရွှေများယူကာ
ဆိုင်ပြင် သို့ ထွက်ခဲ့သည်။

ထို့နောက်စီးလာသော ဆိုင် ကယ်ပေါ်သို့ တက် ရန်ကြိုးစားစဉ် ယာဉ်မောင်း
အာကာမှ လုယက်သူအား လုံးထွေး သတ်ပုတ်ပြီး ဖမ်းစီးခဲ့သည်။ ထိုသို့ ဖြစ်
နေစဉ်တွင် လုယက်သူက သေနတ်ဖြင့် ပစ်ခတ် လိုက် ရာ စက်ဘီး
ဖြင့် ဖြတ်သွားသူ ဦးကံညွှန့် ၏ ခြေ ထောက်အား သေနတ် ထိမှန်ခဲ့သည်။

သေနတ်ထိမှန်သူကို မန္တလေးဆေးရုံကြီးသို့ ပို့ထားပြီး လုယက်သူမှာ ဝိုင်းဝန်း
ရိုက်နှက်မှုကြောင့် သွေးထွက်လွန်ပြီး ယခုအချိန်ထိသတိပြန်လည် မရရှိသေးကြောင်း
သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့



မန္တလေး၊ ဒီဇင်ဘာ ၂၄

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း ရွှေဆိုင်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး သေနတ် ကိုင်ဆောင် ဝင်ရောက်လာကာ သေနတ် ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ဆိုင်ရှေ့မှ ထွက်ခွာချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများနှင့် ဆိုင်ဝန်ထမ်းများက ပြောကြားသည်။

ကိုးကန့်လူမျိုး တစ်ကိုယ်တော် သေနတ်သမားမှာ ဆိုင်အတွင်း သေနတ် ပစ်ဖောက်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်၍ ဆိုင်ကယ် မောင်းထွက်စဉ် ဆိုင်ဝန်ထမ်း တစ်ဦးက ဝင်ရောက် လုံးထွေး ဖမ်းဆီးရာမှ ဘေးပတ်ဝန်းကျင်ကပါ ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွှေဆိုင် ဝန်ထမ်းများထံမှ သိရသည်။
“ဆိုင်ထဲမှာ သေနတ်နှစ်ချက် ပစ်လိုက်တယ်။ ဆိုင်အပြင်ဘက်မှာ သုံးချက် ပစ်လိုက်တယ်” ဟု ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

တစ်ကိုယ်တော် ဓားပြတိုက်သူမှာ မျက်နှာကို မျက်နှာဖုံးဖြင့် အုပ်ထားပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လာစဉ် ဆိုင်အဝင်ဝရှိ ဆိုင်ဝန်ထမ်းက ဘာအလိုရှိပါသလဲမေးရာ လက်ပြကာပြီး ဆိုင်အတွင်းသို့ ဝင်ကာ ညာဘက်ထိပ်ဆုံး မှန်ကောင်တာကို တူဖြင့်ထုကာ ရွှေထည်ပစ္စည်းများ ထည့်ယူသွားပြီး ဆိုင်အပြင် မထွက်ခင် ဆိုင်ကောင်တာအား သေနတ်ဖြင့် နှစ်ချက် ပစ်ခဲ့ကြောင်း ဆိုင်အပြင် ဘက်ရောက်ချိန်တွင် သေနတ် ထပ်မံပစ်ခတ်ရာ လမ်းသွားလမ်းလာ ဖြစ်သူ အသက် ၇၂ နှစ်ခန့် အမျိုးသားတစ်ဦး ညာဘက် ဒူးခေါင်း ဒဏ်ရာရသွားကြောင်း မှုခင်း ဖြစ်ပွားရာ ရွှေဆိုင်အနီး ရောက်ရှိနေသူ တစ်ဦးထံမှ သိရသည်။

ဓားပြတိုက်မှု ကျူးလွန်သူကို ဆိုင်ဝန်ထမ်းနှင့် ဘေးပတ်ဝန်းကျင်က ဖမ်းဆီးရာ ဒဏ်ရာရရှိမှုကြောင့် သတိလစ် မေ့မြောခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်နင့် ပြင်ပလူနာဌာနသို့ ရဲတပ်ဖွဲဝင်များက ပို့ဆောင် ကုသခဲ့ရာ ည ၉ နာရီတွင် သတိရနေပြီ ဖြစ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ကျူးလွန်သူ သုံးစွဲသည့် သေနတ်မှာ အီတလီနိုင်ငံထုတ် ပစ္စတို အမျိုးအစား ခဲရောင် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ အမှတ် ၈ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇ ၊၃၈၆ ၊ ၃၉၂ တို့အရ အမှုဖွင့် ဆောင်ရွက်ထားပြီး ယူသွားသည့် ရွှေကလစ် ၁၀ ခုအား သက်သေခံ ပစ္စည်းအဖြစ် ထိန်းသိမ်း ထားရှိကြောင်း ခရိုင်ရဲမှူးက ထပ်မံပြောကြားသည်။
“ရွှေဆိုင်ကို ပုံမှန်အတိုင်း မနက်ဖြန်လည်း ဖွင့်မှာပါ” ဟု မောင်ကိန်း ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရွှေဆိုင် ဖွင့်လှစ်ရာတွင် လမ်းမတန်းနှင့် ဝင်ထွက် လွယ်သည့် ဆိုင်များအနေနှင့် ရွှေခိုးမှု၊ လုယက်မှု အများဆုံး ဖြစ်နိုင်ခြေ ရှိတတ်ကြောင်း မန္တလေးမြို့ခံ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။


No comments:

Post a Comment