CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မင်္ဂလာနှစ်သစ်အား မင်္ဂလာရှိစွာ ပေးဆပ်တော့မည့် သင်ဇာဝင့်ကျော်.
၁၆.၁၂.၂ဝ၁၃ ရက်နေ့တွင် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်
အခြားသော လူမှုရေးလုပ်ငန်းများကို ပေးဆပ်လုပ်ဆောင်နေသော
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ
အမှတ်(၁၃ /က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မ/ဒဂုံမြို့နယ်သို့
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော် သည် ၄င်း၏
အနုပညာလုပ်ငန်းများ မအားလပ်သည့်ကြားမှပင် လာရောက်၍ မွန်မြတ်လှသော နာရေးပို့ဆောင်မှုလုပ်ငန်းအား ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက်ကုသိုလ်ယူခဲ့ပါသည်။ ယခင်ကာလ များတွင်လည်း နှစ်စဉ်၊ နှစ်တိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ လာရောက် လှူဒါန်းသော အနုပညာရှင်တစ်ဦးပင်ဖြစ်သည်။
နံနက်(၁ဝးဝဝ)နာရီအချိန်တွင်
ကွယ်လွန်သူ ဒေါ်အေး(၈၉)နှစ် အမှတ်(၃၉၃)၊ သုတ(၃) လမ်း၊
တောင်ဥက္ကလာပမြို့နယ်ရှိ နာရေးအိမ်ရှိရာသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌဦးကျော်သူ ကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်မောင်းနှင်၍ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့်အတူ အသင်းသူ/သားများ၊
လူမှုရေးသမားများမှ ကွယ်လွန်သူ ဒေါ်အေး၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေး သုဿန်
အအေးခန်း ရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ကာ ကာယကံမြောက်ကုသိုလ်
ယူခဲ့ ပါတော့သည်။ ထို့အတူပင် ဒုတိယမြောက် နာရေးကူညီမှုအဖြစ် နေ့လည်
(၁၂းဝဝ)နာရီ အချိန်တွင် ဒေါ်သောင်းရှင်(၉၇)နှစ် အမှတ်(၄၉)၊ ဗဟန်း(၃) လမ်း၊
မြို့မရပ်ကွက်၊ ဗဟန်းမြို့နယ်၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေးသုဿန်သို့
ပို့ဆောင် မီးသင်္ဂြိုလ် ပေးနိုင်ခဲ့ပါတော့သည်။ ယခုကဲ့သို့ မွန်မြတ်လှသော
ကုသိုလ်ရေး လုပ်ငန်းကြီးအား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ
ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ သော သရုပ်ဆောင် သင်ဇာဝင့်ကျော်၏
ကာယကံမြောက် နာရေးကုသိုလ်ရေး လုပ်ငန်းအား သင်ဇာဝင့်ကျော်၏ ပရိတ်သတ်များ
အနေဖြင့်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်ထပ်တူ ကြည်နူး ဝမ်းမြောက်ကြမည်ဟု ယုံကြည်ပါတော့သည်။
ယခုကဲ့သို့ အနုပညာလုပ်ငန်းများ မအားလပ်သည့်ကြားမှ ပြည်သူတို့၏ နာရေးကိစ္စရပ်များအား ပရဟိတစိတ်ဓါတ်ဖြင့် ကိုယ်တိုင်ကိုယ်ကျပေးဆပ်ခဲ့သော သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ပေးဆပ်မှု အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)နည်းတူ မိဘပြည်သူအပေါင်းတို့မှလည်း
ဝမ်းမြောက်၊ ဝမ်းသာ သာဓု ခေါ်နိုင်ကြမည်ဖြစ်သလို ထပ်မံ၍လည်း တစ်လလျှင်
တစ်ကြိမ်နှုန်းဖြင့် တက်အားသ၍ ကာယကံမြောက် နာရေးကူညီမှုကုသိုလ်
လုပ်ငန်းများအား ဆက်လက်၍ ဖေးမပေးဆပ်နေ ဦးမည် ဖြစ် ပါကြောင်းနှင့် ၂ဝ၁၄
ခုနှစ်မှ စတင်ကာ မိမိ၏ အနုပညာလုပ်ငန်းရပ်ဖြင့် အများပြည်သူတို့အား
ပညာပေးဖျော်ဖြေမှုတို့ကို လုပ်ဆောင်သွားရင်း အများပြည်သူလူထုတို့၏
အပူမီးများအား ငြိမ်းပေးကာ ကူညီဖေးမမှုဖြစ်သော ပရဟိတလုပ်ငန်းရပ်ဖြင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပေးဆပ် မှုများ ပြုလုပ်သွားတော့မည်ဖြစ်တော့သည်။
Credit To:Kyaw Thu
မင်္ဂလာနှစ်သစ်အား မင်္ဂလာရှိစွာ ပေးဆပ်တော့မည့် သင်ဇာဝင့်ကျော်.
Reviewed by
VC
on
December 18, 2013
Rating:
5
No comments:
Post a Comment