Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

အလှူရှင်များ ကျန်းမာရေးဒါနပြုနိုင်ကြရန်


ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်လွင်တင်ထားသောလူနာပိုစ် တစ်ခုတွေ့မိ၍ ဆရာဆီသွားရောက်တွေ့ဆုံခဲ့ပါသည် ဆရာခွင့်ပြုချက်နှင့်လူနာအားတွေ့ဆုံခဲ့ပါသည်။ လူနာအမည်မှာ ဦးထွန်းလွင် အသက် ၅၂နှစ်ဖြစ်ပါ သည်။မြင်းမူမြို့တပင်ရွှေထီးရပ်တွင် နေထိုင်ပြီး သား သမီး၂ယောက်ရှိပါသည်။ တောင်ယာအလုပ်လုပ်ပါ သည်။လွန်ခဲသော ခုနှစ်လလောက်က ဦးခေါင်းတွင် အနာဖုပေါက်လာ၍ မြင်းမူဆေးရုံနှင့်ရွှာသစ်ကြီးဆေးရုံ များတွင် ခွဲစိတ်မှုခံယူခဲ့ပါသည်။ ထို့နောက်မြန်မာ့တိုင်း ရင်းဆေးဖြင့် လေးလခန့်ကုသခဲ့ရာ မသက်သာပဲပိုဆိုး လာပါသဖြင့် မန္တလေးဆေးရုံကြီး ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်ကုသဆောင်သို့တက်ရောက်ကုသခဲ့ပါ သည်။ လူနာမှာ ခွဲစိတ်ကုသရန်အတွက် ငွေကြေး အခက်အခ်ဲဖြစ်နေပါသည်။ ဆေးရုံမှ အခမဲ့ခွဲစိတ် ကုသပေးမည်ဖြစ်သော်လည်း ပြင်ပမှဝယ်ယူရသော ဆေးတချို့မှာ ဈေးကြီးနေပါသဖြင့် အခက်အခဲဖြစ် နေရခြင်းဖြစ်ပါသည်။ လှုဒါန်းလိုပါက ၀၉၄၀၂၇၇ ၃၂၈၂ကိုဆက်သွယ်ပေးပါခင်ဗျာ။

No comments:

Post a Comment