- နေပြည်တော်၊ ဒီဇင်ဘာ ၁၃
၁၂-၁၂-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပွင့်လင်းကျေးရွာနေ ဦးပန်းအေး(၈၀)နှစ်သည် နေအိမ်အောက်ထပ်တန်းလျားပေါ်တွင်အိပ်နေစဉ် သမီးဖြစ်သူ မစန်းစန်းအေး(၃၉)နှစ်မှာ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင်နှင့် စကားများနေသဖြင့် ဖခင်ဖြစ်သူမှတားမြစ်ရာ နာခံမှုမရှိသောကြောင့် ဦးပန်းအေးမှ အိမ်ပေါ်မှဆင်းရန်ပြောသည်ကို မစန်းစန်းအေးကကျေနပ်မှုမရှိသဖြင့် ဦးပန်းအေးအား ဓါးမနှင့်ခုတ်ပြီး ကန္တာရထင်းချောင်းဖြင့်ရိုက်ရာ ဦးပန်းအေးတွင် ဦးခေါင်းယာဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ နောက်ကျောဖူးရောင်ဒဏ်ရာတို့ ရရှိခဲ့သောကြောင့် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ)၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။ရဲဇာနည်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 13, 2013
ဖခင်အား သမီးဖြစ်သူက ဓါးမဖြင့်ခုတ်၊ တုတ်နှင့်ရိုက်
ဖခင်အား သမီးဖြစ်သူက ဓါးမဖြင့်ခုတ်၊ တုတ်နှင့်ရိုက်
Reviewed by VC
on
December 13, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment