နိုဝင်ဘာလ
၂၉ ရက်သည်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး
ကာကွယ်စောင့်ရှောက်သူများနေ့ ( International Women Human Rights Defenders
Day ) အဖြစ်၂၀၀၅ ခုနှစ်က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင်
လူ့အခွင့်အရေးဆောင်ရွက်နေသော အဖွဲ့အစည်းများက စတင်သတ်မှတ်ခဲ့ကြသည်။
ထိုနေ့အတွက်
မြန်မာအမျိုးသမီးထဲမှ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရင်း ပုဒ်မ
၁၈(ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်ခြင်းကို အရေးယူသည့်ပုဒ်မ) နှင့် ပုဒ်မ
၅၀၅ ၊ ခ (နိုင်ငံတော် အစိုးရနှင့် နိုင်ငံ
တော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေသည့်ပြစ်မှု ရာဇသတ်ကြီးပုဒ်မ) တို့ဖြင့်
၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်က မုံရွာတရားရုံးမှ ထောင်ဒဏ်
နှစ်နှစ်ကျခံစေရန်အမိန့်ချမှတ်ခံခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်တွင်
လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ပြန်လည်လွတ်မြောက်လာသူ
ဒေါ်နော်အုန်းလှထံသွားရောက်ကာ သူမခံ ယူထားသည့်
လူ့အခွင့်အရေးတစ်ရပ်ကိုအပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်
စောင့်ရှောက်သူများအတွက် ဂုဏ်ပြုမေးမြန်းခဲ့သည်။
အန်တီနော်အုန်းလှခံယူထားတဲ့ လူ့အခွင့်အရေးဆိုတာက ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ အရင်ရှင်းပြပေးပါ။
အန်တီတို့
နိုင်ငံမှာအခုအချိန်ထိ ကိုယ့်ရဲ့အခွင့်အရေးဆိုတာ
ဘာမှန်းမသိဖြစ်နေတဲ့လူတွေအများကြီး ကျန်နေပါသေးတယ်။ အထူးသဖြင့်
အမျိုးသမီးတွေပါ။ အခုချိန်မှာ ဒီမိုကရေစီလမ်းကို သွားနေပါပြီလို့ ပြောနေတဲ့
အစိုးရဲ့လက်အောက်မှာ သုံးနှစ်နီးပါးနေလာခဲ့တဲ့ အန်တီတို့
မြန်မာအမျိုးသမီးတွေဟာ ခုချိန် အထိ အခွင့်အရေးဆိုတာတွေကို
မသိသေးတာမြင်နေရပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့
ကျေးလက်တောရွာတွေမှာ ပိုသိလာအောင်အန်တီတို့ကလိုက်ပြီးတော့ မျှဝေပေးနေတယ်။
အန်တီခံ ယူထားတာက လူ့အခွင့်အရေးဆိုတာနဲ့ပတ်သက်ရင် UN ရဲ့ကြေညာစာတမ်းအတိုင်း
ဖြစ်ချင်တယ်။ ဖြစ်လာအောင်လည်း ကြိုးစားနေပါတယ်။
ကိုယ်တိုင်အရေးယူခံခဲ့ရဖူးတော့ လူ့အခွင့်အရေးဖော်ဆောင်ကြတဲ့သူတွေကို ဘာကြောင့် အမှုဖွင့် အရေး ယူကြတယ်လို့ မြင်မိလဲ။
အဓိကယကတော့
အန်တီတို့နိုင်ငံသားတွေကို ဥပဒေကကာကွယ်မပေးနိုင်တဲ့ အချက်ကို မြင်ရတယ်။ ဥပ
ဒေကိုပြဋ္ဌာန်းပေးတဲ့ လူတွေနဲ့လည်းသက်ဆိုင်တယ်။
ဒီနိုင်ငံအသွင်ပြောင်းတဲ့ကာလမှာလွှတ်တော်တစ်ခု ကတော့ ပေါ်လာတယ်။ ဒါပေမဲ့
အားကိုးလောက်တဲ့ အနေအထား မရှိသေးဘူး။ သမ္မတကလည်း ပြည်သူက
ရွေးတယ်လို့သာပြောတာ အပေါ်ယံလောက်ကပဲ ပြောင်းလဲသေးလို့ ဒီလိုတွေဖြစ်နေတာလို့
အန်တီမြင်တယ်။
ပုဒ်မ ၁၈ ဆိုတာကို
လူ့အခွင့်အရေးဖော်ဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်က
ဘယ်လိုမျိုးသုံးသပ်ချင်ပါသလဲ။ မရှိသင့်တဲ့ပုဒ်မတစ်ခုပါ။ မလိုအပ်ဘဲနဲ့
ပြည်သူတွေကို ထိန်းချုပ်ထားတဲ့ ပုဒ်မပါ။ ပြည်သူတွေ ဘာမှမလုပ်ရဲ၊
မကိုင်ရဲဖြစ်အောင် ဒီပုဒ်မကို သူတို့အတွက်၊ လက်ရှိလူတစ်စုအတွက်
လုပ်ထားတာလို့မြင် ပါတယ်။
ထောင်ထဲမှာနေစဉ်တစ်လျောက်မှာအမျိုးသမီးတစ်ယောက်ရဲ့အခွင့်အရေးဘာတွေဆုံးရှုံးခဲ့လဲ။အမျိုးသမီး
တစ်ယောက်ရဲ့အခွင့်အရေးအနေနဲ့ပြောရရင်တော့ အကျဉ်းထောင်တွေရဲ့ပုံစံနဲ့
အကျဉ်း ဦးစီးကတော့ နည်းနည်းပြောင်းလဲလာပါပြီ၊ မပြောင်းလဲတာကတော့
ပြည်သူ့ရဲတွေပါ။ ဥပဒေလို့ ပြောပြီးတော့ လက်ရှိမှာ ပြည်သူတွေကိုဖိနှိပ်နေတဲ့
အဖွဲ့အစည်းတစ်ခုလို့အန်တီမြင်တယ်။ အရင်တုန်းကဆိုရင် ကျန်းမာ
ရေးစောင့်ရှောက်တာကအစ အားနည်းတာကိုတွေ့ရတယ်။
အခုဆိုဆရာဝန်တွေလည်းအများကြီးပေး ထားတယ်။ အစားအသောက်ကအစ
အများကြီးပြောင်းလဲလာတယ်။ အရင်တုန်းကဆိုရင် ထောင်ထဲသွား ရင်
ခေါင်းစွပ်စွပ်ရတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းလောက်ကစပြီးတော့
မလိုအပ်တော့ဘူး။ ဒါတွေက နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေနဲ့လည်းဆိုင်တယ်။
အကျဉ်းဦးစီးမှာဆိုရင် ICRC ကအမြဲဝင်သလိုဂျပန်နိုင်ငံကလည်း
လာပြီးတော့လေ့လာကူညီတာတွေရှိလာတယ်။
ဒါပေမဲ့ နေရာတိုင်းမှာ ဥပဒေနဲ့ကိုင်ပေါက်တဲ့ ပြဿနာကတော့အဆိုးဆုံးပါပဲ။
အန်တီ့ကို ဖမ်းတဲ့အခါတုန်းကကာယိနြေ္ဒပျက်လောက်အောင် ဖမ်းခဲ့တာကိုတွေ့ရတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။
အမျိုးသမီးတစ်ယောက်အတွက်
ဒီလိုအဖြစ်မျိုးက အခွင့်အရေးအများကြီး ထိခိုက်ခံရတာပါပဲ။ ၂၀၁၀ ပြည့်နှစ်
မတိုင်ခင်ကလုပ်ရပ်တွေဆိုရင် စစ်အာဏာရှင်
လက်အောက်မှာနေခဲ့ရတာဆိုတော့ဒီလိုအရေးယူ ခံရတာနဲ့ ပတ်သက်ပြီး
ပြောစရာမရှိပါဘူး။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဒီမိုကရေစီလမ်းကြောင်းကို
သွား နေပြီလို့ပြောနေတဲ့ အစိုးရရဲ့လက်အောက်မှာအန်တီတို့ကို ဒီလိုဖမ်းတာတော့
ရှုတ်ချချင်တယ်။ ပုဒ်မ ၁၈ အတိုင်း ဆန္ဒထုတ်ဖော်မယ်ဆိုပြီး
စာတင်တာခွင့်မှမပြုတော့ အန်တီ့ဘာသာတစ်ယောက်ထဲ ဆန္ဒဖော် ထုတ်တယ်။
ဒါကအန်တီ့ရဲ့ အခွင့်အရေးလေ။ ဒါကိုဖမ်းတယ်။ တကယ်တော့ ရဲစစ်ချက်ယူရမှာကို
မယူဘဲနဲ့ တရားရုံးကနေရမန်ယူပြီး တစ်ခါတည်းထောင်ထဲတန်းထည့်တာက
လူ့အခွင့်အရေးချိုးဖောက်တယ် လို့အန်တီခံစားရတယ်။ တရားရုံးတင်တော့လည်း
သုံးရက်နဲ့အမိန့်ချတာ တကယ်တမ်းကျတော့ ဒါတွေအားလုံးက မညီမျှမှုတွေပါပဲ။
အန်တီလိုမျိုး လူ့အခွင့်အရေးလှုပ်ရှားတဲ့အမျိုးသမီးတွေ အရေးယူခံရပြီး မလွတ်မြောက်သေးသူတွေအတွက်ကော ဘာပြောချင်ပါလဲ။
ဒါကမတရားဖမ်းစီးမှုတွေပါ။
တောင်သူလယ်သမားကို
ကူညီတယ်ဆိုတာက ကိုယ့်အခွင့်အရေးဆိုတာ မသိတဲ့လူတွေကို သိတဲ့လူတွေ
ကတရားမျှတအောင် လိုက်ပြီးတော့ကူညီတာပါ။ အခု ဒေါ်မြင့်မြင့်အေးနဲ့
ဒေါ်မိမိခိုင်၊ ဒေါ်ဘောက်ဂျာတို့ ကို ဖမ်းထားသေးတယ်။ အန်တီဆိုရင်လည်း
နိုင်ငံတကာကနေ ဘယ်သူ့ကိုလွှတ်ပေးပါဆိုမှ လွှတ်ပေး တာပါ။
အဲလိုနိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်သူတွေကျန်သေးတယ်လို့ပြောလာမှ နည်းနည်း
ချင်းလွှတ်ပေးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။
ဒီမိုကရေစီအခွင့်အရေးရှိတဲ့ နိုင်ငံဆိုရင် အပြစ်မရှိတဲ့လူတွေကို အမှုရှိနေတယ်ဆိုရင်တောင်မှ အမှုပိတ်သိမ်းပြီးတော့လွှတ်ပေးစေချင်တယ်။
တောရွာတွေမှာ လူ့အခွင့်အရေးအသိပညာပေးတာတွေလုပ်နေတယ်ဆိုတော့ တောရွာတွေက အမျိုးသမီးတွေကို အသိပညာပေးဖို့ဘယ်လောက်လိုအပ်နေလဲပြောပြပါ။
အန်တီ့
အတွေ့အကြုံအရပြောရရင် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊
ပဲခူးတိုင်းမှာဆိုရင် နည်း နည်းအကြောက်တရားရှိသေးတယ်။ တချို့ဒေသတွေဆိုရင်
အန်တီတို့ ခဏခဏသွားမှ သူတို့တွေ ပိုသိလာတယ်။ သိလာတာနဲ့ တစ်ပြိုင်နက်ထဲ
သူတို့တွေရဲ့လုပ်ပိုင်ခွင့်တွေကို ပြန်ပြောနိုင်တယ်။
ကျေးလက်ဒေသက
အမျိုးသမီးတွေကို အသိပညာပေးဖို့အများကြီး လိုအပ်ပါတယ်။
နေရာတိုင်းမှာအမျိုးသမီးအဖွဲ့တွေရှိပေမယ့် နေရာအနှံ့ကိုမရောက်နိုင်ဘူး။
အဓိကလုပ်ပေးရမယ့် သူကတော့အစိုးရပါဘဲ။ အန်တီတို့သွားတဲ့ နေရာတွေမှာ
အခုအချိန်အထိ အကြောက်တရားတွေ ကြီးစိုးနေကြတယ်။
အမျိုးသမီးရေးရာအဖွဲ့တွေရှိပေမယ့်လို့ သူတို့က အစိုးရကခွင့်ပြုလို့
ဒါလုပ်ဆိုမှ လုပ်ကြတာဖြစ်တော့ ဘာ မှထိထိရောက်ရောက် မလုပ်နိုင်ဘူး။
အန်တီတို့ကတော့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို
အမြဲပြောပြရင်း အသိပညာပေးနေရဆဲပါပဲ။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment