နှစ်ပတ်လည်အားလပ်ရက် ကျရောက်လို့လာပြန်ပါပြီ။ နေ့ကြီး
ရက်မြတ်ရောက်ဖို့ ရက်ပိုင်းသာ လိုတော့တာမို့ mood အပြည့်ရဖို့ ခေတ်အဆက်ဆက်
နာမည်ကြီးခဲ့တဲ့ ခရစ်စမတ် သီချင်းအချို့ကို နားထောင်ဖို့ လိုနေပါပြီ။
စတိုးဆိုင်တွေ ၊ စူပါမားကတ်တွေ နဲ့ ရှော့ပင်းမောတွေမှာ ဈေးပတ်ဝယ်တဲ့အခါ
ဒီသီချင်းတွေကို နိုဝင်ဘာ လပိုင်းလောက်ကတည်းက ကြားနေရမှာပါ။
ဆယ်ကျော်သက်တစ်ဦးအနေနဲ့
ပြောရရင်တော့ The Beach Boy ခရစ်စမတ် အယ်လ်ဘမ်ကို အကြိုက်ဆုံးပါပဲ။
ဒီအချိန်ဆို ပြည်တွင်းက ကျေးလက်တွေမှာလည်း ခရစ်စမတ် မာရသွန်သီချင်းတွေကို
ဒီဇင်ဘာ ၂၃ ရက်လောက်က စလွှင့်နေပါပြီ။ တစ်နှစ်တာလုံးရဲ့ လွမ်းဆွတ်
တသဖွယ်အကောင်းဆုံး ၊ စိတ်ကူးယဉ်အဆန်ဆုံး ဖြစ်ရပ်တွေကြောင့် ခရစ်စမတ်ကို
ချစ်ကြပါတယ်။
ခရစ်စမတ်မှာ ခံစားမှုအမျိုးပေါင်း အားလုံးနီးပါး
ပါဝင်ပါတယ်။ နှစ်တစ်ရဲ့ မျက်လှည့်အဆန်ဆုံး အချိန်ဖြစ်ဖို့ရာ
အကြောင်ရင်းတစ်ရပ်ပါ။ လက်ဆောင်ထုတ်တွေ တစ်ပွေ့တစ်ပိုက်ရဖို့ အလွန်အမင်းကြီး
အာရုံမထားဘဲ မိသားစုနဲ့ အချိန်တစ်ချို့ကို ကုန်ဆုံးပါ။
ဒါမှမဟုတ်ချစ်ရသူနဲ့ပေါ့။ ဒါတွေအပြင် အရေးကြီးတာက ခရစ်စမတ်
ဂန္တ၀င်သီချင်းတစ်ချို့ စောင့်ကြည့်ဖို့လဲ မမေ့နဲ့ပါနဲ့ဦး။
ဒီတော့
ခရစ်စမတ်ချစ်သူတွေ အသဲစွဲလောက်တဲ့ သီချင်း ငါးပုဒ်ကို ပြောပြချင်ပါတယ်။
ဒါတွေက သင့်ကို ခရစ်စမတ်အားလပ်ရက်အဖြစ် ပီပီသသ ခံစားရစေနိုင်ပါလိမ့်မယ်။
(၁) The Beach Boys ရဲ့ Little Saint Nick
(၂) Michael Buble ရဲ့ Have Yourself a Merry Little Christmas
(၃) Trans-Siberian Orchestra ရဲ့ Christmas Eve/Sarajevo
(၄) Vince Guaraldi Trio ရဲ့ Linus and Lucy
(၅) U2 ရဲ့ Baby , Please Come Home
ခရစ်စမတ် ရသ ပြည့်ဝတဲ့ ဒီသီချင်းတွေကို နားထောင်ကြည့်ပြီး ပျော်ရွှင်တဲ့ ခရစ်စမတ် ခံစားချက်တွေ ဖြစ်ပေါ်စေနိုင်ကြပါစေ။
Ref:starpulse
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 2, 2013
အားလပ်ရက်အတွက် တက်ကြွစေမယ့် ခရစ်စမတ်သီချင်း (၅)ပုဒ်
အားလပ်ရက်အတွက် တက်ကြွစေမယ့် ခရစ်စမတ်သီချင်း (၅)ပုဒ်
Reviewed by VC
on
December 02, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment