Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

လမ်းလျှောက်ရင်း ဖေ့စ်ဘွတ်ခ် သုံးလို့ ရေထဲပြုတ်ကျ သွားသူ အမျိုးသမီးအား ဆေးရုံပို့ခဲ့ရ


သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း မြို့တွင် ပြည်သူ အများ ဖေ့စ်ဘွတ်ခ် သုံးရင်း ရေနှင့် နီးသော နေရာများ တွင် လမ်း မလျှောက်ကြရန် ရဲများ က သတိပေးနေရသည်။ အကြောင်း မှာ ထိုင်ဝမ်မှ ကမ္ဘာ လှည့်ခရီးသည် တစ်ဦး ဆိပ်ခံ တံတားပေါ်တွင် ဖေ့စ်ဘွတ်ခ် သုံးကာ လမ်းလျှောက်ရင်း ရေထဲ ပြုတ်ကျမှု ဖြစ်ပွားခဲ့ သော ကြောင့် ဖြစ်သည်။

မဲလ်ဘုန်းမြို့ ဖိလစ် ပင်လယ် အော်ဆိပ်ကမ်း စိန့် ကီလ်ဒါ ဆိပ်ခံ တံတားပေါ် တွင် ထိုင်ဝမ် ကမ္ဘာ လှည့် ခရီးသည် အမျိုးသမီး တစ်ဦး ဖုန်းဖြင့် ၄င်း၏ ဖေ့စ်ဘွတ်ခ် စာမျက် နှာကိုကြည့်ကာ လမ်းလျှောက်ရင်း ရေထဲ ချော်ကျ ခဲ့ခြင်း ဖြစ်သည်။

မြင်လိုက်ရ သူများက ရဲကို အကြောင်း ကြားသဖြင့် ရေထဲ ပြုတ်ကျပြီး မိနစ် ၂၀ ခန့်နေမှ စပိဘုတ်ဖြင့် ကယ်ဆယ် ခဲ့ရသည်။ အမျိုးသမီး ကို ကယ်ဆယ် နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ပေးခဲ့ကာ ကျန်းမာရေး မစိုးရိမ် ရကြောင်း သြစတြေးလျ အေဘီစီ သတင်းဌာန က ဖော်ပြချက် အရ သိရသည်။ ၄င်းကြောင့် အလုပ်ရှုပ် သွားရသည့် အတွက် တောင်းပန်ပါ ကြောင်းဖြင့် ထိုင်ဝမ် အမျိုးသမီး က ပြောသည်။

အမျိုးသမီး သည် ရေထဲကျ သွားစဉ် တစ်လျှောက်လုံး လက်ကို မြှောက်ထား သဖြင့် ဖုန်းပျက် စီးခြင်း မရှိကြောင်းလည်း အခင်း ဖြစ်ပွားရာ မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယား အရပ် ရဲဌာန အကြီး အကဲ ကယ်လီက ပြောသည်။

Source: BBC

No LOL matter: tourist falls into bay while on Facebook

No comments:

Post a Comment