နော်နိုရင်း၊ DVB - 19 December 2013
ပဲခူးတိုင်း ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဝင်စာတွေ့ခွင့်မရသလို သူတို့ရဲ့ ကျန်းမာရေးမေးမြန်းမရလို့ မိသားစုဝင်တွေ စိုးရိမ်ပူပန်နေပါတယ်။
ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေကြတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်
သူတို့ ၃ ဦးဟာ ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေကြတာ သီတင်းတပတ်လောက် ရှိလာပြီး ကျန်းမာရေးချို့တဲ့လာနေတယ်ဆိုတဲ
“ပေါင်းတည်ထောင်ကို ပြီးခဲ့တဲ့ ၂ ရက်က ဖုန်းဆက်တယ်။ ပထမ တခါတုန်းက ကိုင်တယ်။ ကိုင်တဲ့အခါမှာ ကျနော်က ဒေါ်မြင့်မြင့်အေး အိမ်ကပါ သူရဲ့ မိသားစုပါလို့ ပြောတော့ ထောင်က ဖုန်းကိုင်တဲ့သူက သူတို့ ဖြေခွင့်မရှိဘူးလို့ ပြောပြီး ဖုန်းချသွားတယ်။ ကျန်းမာရေးအရ ကြားတဲ့ သတင်းအရ သူတို့ အားနည်းနေပြီလို့ ကြားတယ်။ နတ်တလင်းတို့ ပေါင်းတည်တို့က နီးစပ်ရာ မိတ်ဆွေတွေက ပြောတာပါ။ ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဝင်စာ ပိတ်ထားတယ်။ အခုဟာက ကျန်းမာရေးကိစ္စကို မေးတာကို မေးလို့မရဘူး ဖြစ်နေတာပါ။”
အစာငတ်ခံဆန္ဒပြနေသူတွေဟာ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်ထဲ လယ်သိမ်းခံတောင်သူတွေဘက်က လိုက်ပါရပ်တည်ပေးရင်း ပြီးခဲ့တဲ့ ဇွန်လကတည်းက ပေါင်းတည်ထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခံထားရတာ ၆ လကျော်ရှိနေပြီ ဖြစ်ပါတယ်။
သူတို့ကို ပြန်လွှတ်ပေးခြင်းမရှိသလို စွပ်စွဲထားတဲ့ အမှုတွေအတွက်လည်း အမိန့်မချဘဲ ကာလရှည်ကြာ ထိန်းသိမ်းထားတဲ့အတွက် ထောင်တွင်းဆန္ဒပြတာဖြစ်ပါတယ်။
No comments:
Post a Comment