Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 18, 2013

ပရိသတ် တစ်ယောက်လို ဇာတ်လမ်း ဖတ်ရှုပြီးမှ ဇာတ်ကားလက်ခံ ရိုက်ကူး ဖြစ်ကြောင်း ပြောတဲ့ ပြေတီဦး

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ “ပွိုင်ဇင် တစ်ထောင့် ငါးရာ” ဇာတ်ကားကို ပြေတီဦးက ရာဇာနေဝင်း၊ မိုးယုစံ တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ရိုက်ကူးထား ပါတယ်။ ဒီဇာတ်ကား က အချစ် ဇာတ်လမ်း လေးဖြစ်ပြီး အချစ် တအားကြီးတဲ့အခါမှာ မမှားသင့်တဲ့ အမှားတွေကို လုပ်မိတာမျိုး၊ ဘယ်အရာ မဆို လွန်လွန် ကဲကဲဖြစ် မိရင် မကောင်းဘူးဆို တဲ့ message ပေးမှုနဲ့ ရိုက်ကူး ထားတာဖြစ်ပါတယ်။
ဇာတ်ကားတွေ ရိုက်တာ များလာတာနဲ့ အမျှ အတတ်နိုင်ဆုံးတော့ အိုက်တင် ကွဲပြားအောင် ရိုက်ကူးဖြစ်တာမို့ ကြည့်တဲ့ ပရိသတ်တွေ က လည်း နားလည်ပေးနိုင် လိမ့်မယ် လို့ ယုံကြည်ကြောင်း ပြေတီဦးက “ကျွန်တော် တို့ကတော့ တစ်ဇာတ်နဲ့ တစ်ဇာတ် မတူအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ကူး ပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ ကလည်း ကားပေါင်းများ စွာကို ရိုက်နေတဲ့ အခါကျတော့ လုံးဝပုံစံ ကွဲထွက်နေတာ မျိုးတွေကို အမြဲတမ်း ရိုက်ပြလို့ မရပါဘူး။ ရိုက်ကူးပြီးသား ဖရိန် မျိုးတွေဖြစ်ချင် ဖြစ်မယ်။ နည်းနည်း ဆင်တာမျိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒီထဲကမှ အကြောင်း အရာ မတူတဲ့၊ ရသမတူတဲ့ ဇာတ်မျိုးလေးတွေ ဖြစ်အောင် ကြိုးစား ရိုက်ကူးနေ ရတာဖြစ်တဲ့ အတွက် အဲဒီပေါ်မှာလည်း ပရိသတ်က နား လည်ပေးနိုင် လိမ့်မယ် လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါ တယ်။
ကျွန်တော်က တတ်နိုင် သမျှ ကိုယ့်ရဲ့ဇာတ်ကားကို ကြည့် ပြီး အသိတစ်ခု ရအောင်၊ အလကား သက်သက် မဖြစ်အောင်တော့ ရိုက်ကူးဖြစ်တယ်”လို့ ပြောပါတယ်။ အခုချိန်ထိ ဇာတ်လမ်းရွေး ချယ် ရိုက်ကူးတဲ့ အခါမှာ ကိုယ်တိုင် ပရိသတ် တစ်ယောက်လိုပဲ ဖတ်ရှုခံစားပြီးမှ ရိုက်ကူးဖြစ်ကြောင်းကို ပြေတီဦးက “ကျွန်တော် ကတော့ ဇာတ်လမ်း တစ်ခုကို ရိုက်ကူးဖို့ ဇာတ်လမ်းကို ဖတ်ရင် ပရိသတ် တစ်ယောက်လိုပဲ ဖတ်တယ်။ ကျွန်တော် ဖတ်လိုက်လို့ ကျွန်တော် ကြိုက်တယ် ဆိုရင် ပရိသတ် ကြိုက်မယ် လို့ ရာခိုင်နှုန်း တော်တော် များများ ခန့်မှန်းလို့ ရတယ်။ ကိုယ်တိုင် ဖတ်လိုက်လို့ ကိုယ်တိုင် မကြိုက် ဘူးဆိုရင် ပရိသတ်လည်း ကြိုက်မှာ မဟုတ်ဘူး။
အဲဒီတော့ ဇာတ်လမ်း ကို ဖတ်နေတဲ့ အချိန်မှာ ပရိသတ် တစ်ယောက် အနေနဲ့ ဖတ်ပြီး ကြိုက်ပြီ ဆိုလို့ ရှိရင် ကျွန် တော် လက်ခံပြီးတော့ ရိုက်ဖြစ်တယ်။ ပရိသတ် တစ် ယောက်နေရာ မှာ ကိုယ်တိုင် ဝင်ခံစားပြီးမှ လက် ခံပြီး ရိုက်ဖြစ်တယ်” လို့ ဆိုပါတယ်။
လွင်လွင်ထွန်း

No comments:

Post a Comment