Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

ကွန်ပြူတာကိုင်လို့ ဓားနဲ့ ထိုး

 တရုတ်ပြည် Shanghai မြို့ Huangpu ဒေသမှာ အသက်၃၅နှစ် အရွယ် ၀န်ထမ်း တစ်ဦးက သူရဲ့ လုပ်ဖော် ကိုင်ဖက်ကို သူ့ Computer ကို ထိရကောင်း မလား ဆိုပြီး ဓား နဲ့ခြစ်ပြီး ထိုးတဲ့ အဖြစ် ဗုဒ္ဓဟူးနေ့က ဖြစ်ပွား ခဲ့ပါတယ်။ အခင်း ဖြစ်ပွားချိန် ဗုဒ္ဓဟူးနေ့ မနက် ၁၀နာရီခွဲမှာ တရားခံ ဖြစ်သူက အသက်၃၁နှစ် ရှိပြီ ဖြစ်တဲ့ သူရဲ့ လုပ်ဖော် ကိုင်ဖက် ဆီကို မင်းဘာလို့ ငါ့ Computer ကိုဘာလို့ ကိုင်တာလဲလို့ ရုတ်တရက် အော်ဟစ် ပြေးလာပြီး ဓားနဲ့ ကောက်ထိုး ပစ်လိုက်ပါတယ်။ တရားခံရဲ့ ထွက်ဆိုချက် အရ သူရဲ့ လုပ်ဖော် ကိုင်ဖက် နောက်အခန်း တခု ထဲ မျက်နဲ့ တကိုယ်လုံး သွေးအလူးလူးနဲ့ ထွက်ပြေး မလွတ် မြောက် ခင် အထိ လက်၊ မျက်နှာနဲ့ ပခုံးတွေကို ဓားနဲ့ ခုတ်ခြစ် ခဲ့ပါတယ်။ အခင်းဖြစ်ပွား ရာကို ရဲတွေ ရောက်လာပြီး တရားခံကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဓားထိုး ခံရသူကို ဆေးရုံ ချက်ချင်း ခေါ်ဆောင်သွားပြီး အခုတော့ သက်သာ နေပြီလို့ ဆိုပါတယ်။ မျက်မြင် သက်သေ တွေရဲ့ ထွက်ဆိုချက် အရဆိုရင် တကယ်လို့သာ ဓားနဲ့ အခြစ် ခံရတဲ့သူသာ ထွက်ပြေး မလွတ်မြောက် သွားဘူး ဆိုရင်တော့ အဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားနိုင်ပါတယ်။ ကဲ MYMC ပရိတ်သတ်များလည်း သူများ Computer ကို ပိုင်ရှင် မသိပဲ ခွင့်မတောင်းပဲ မသုံး မကိုင်ကြ ပါနဲ့။ မြင်တယ်နော် ဘာဖြစ် သွားလဲ ဆိုတာ

[Source Thatsmag.com]

No comments:

Post a Comment