Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2013

မီနီစကတ် ပိတ်ပင်သည့်ဥပဒေ ယူဂန်ဒါ အတည်ပြု

ကန်ပါလာ၊ ဒီဇင်ဘာ ၁၉

မီနီစကတ် ဝတ်ဆင်ခြင်းကို ပိတ်ပင်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို ယူဂန်ဒါ လွှတ်တော် အမတ်များက အတည်ပြုပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဒူးအထက်ပိုင်းထိသာ ရှည်သည့် အဝတ်အစား ဝတ်ဆင်သည့် အမျိုးသမီး မှန်သမျှကို ဖမ်းဆီးရန် ယူဂန်ဒါ လူမျိုးရေးနှင့် ဂုဏ်သိက္ခာဝန်ကြီး လိုကိုဒိုက ၂၀၁၃ ခုနှစ် အစောပိုင်းတွင် အဆိုပြုခဲ့သည်။

လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည့် အရာများကို ပိတ်ပင်သည့် လိင်နှိုးဆွမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော် အမတ်များ ခဏတာ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းဥပဒေကို ယူဂန်ဒါ သမ္မတက အတည်ပြုပေးရန် လိုအပ်နေသေးသည်။

ယူဂန်ဒါနိုင်ငံမှာ လူမှုရေးရာ ရှေးရိုးဆန်သည့် နိုင်ငံဖြစ်ပြီး လိင်တူ ဆက်ဆံခြင်း များကိုလည်း ဥပဒေဖြင့် ပိတ်ပင်ရန် လေ့လာ သုံးသပ်နေသည့် နိုင်ငံဖြစ်သည်။

လိင်နှိုးဆွမှု ဖြစ်စေသော ရင်သား ဖော်ပြမှု၊ ပေါင်ဖော်ပြမှုနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဖော်ပြမှုများကို ဥပဒေနှင့်မညီဟု သတ်မှတ်ရန် လုပ်ဆောင်နေကြောင်း ယူဂန်ဒါ ပုဂ္ဂလိက သတင်းစာ Monitor တွင် ဖော်ပြထားသည်။

ထို့အပြင် လိင်နှိုးဆွသည့် အပြုအမူများ၊ အကျင့်စာရိတ္တ ထိခိုက်စေသည့် အပြုအမူများကို ပိတ်ပင်ရန် ကြံရွယ်နေခြင်းကြောင့် ယူဂန်ဒါနိုင်ငံ၏ အမျိုးသားကြိုက် စာပေများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment