- 23 December 2013 |
- By ရိုးရာလေး
မီဒီယာတွေ မျက်စိလည်သွားတယ်။ နောက်မှ သူက ထပ်ပြောတယ်။ ကျွန်တော် ငယ်ငယ်က ဘာအမှားပဲ လုပ်လုပ် အမေက မဆူဘူး။ ဒါပေမယ့် အဲဒီအမှားဟာ ဘာကြောင့် မှားသလဲ ဆိုတာကို အဖြေရှာခိုင်း တယ်။
ဥပမာ - ကျွန်တော့် အမေက တစ်ခါတစ်လေ စားပြီးသောက်ပြီး ပန်းကန်တွေကို ဆေးခိုင်းတယ်။ တစ်ခါတစ်လေမှာ ထမင်းတောင် ချက်ခိုက် လိုက်သေးတယ်။ ဒီလိုလုပ်ခိုင်းတော့ ဘယ်သူမဆို မွေးလာကတည်းက တတ်မလာဘူးလေ။
ကျွန်တော်က ပန်းကန်တွေ လွှတ်ကျကွဲတယ်။ ထမင်းတွေ ချက်ရင်လည်း မနက်တာတို့ပြဲတာတို့ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော့် အမေ ဘယ်တော့မှ မရိုက်ဘူး။ ထမင်း ပြဲတာ ရေများလို့ နောက်တစ်ခါ ရေကို လျှော့ထည့်။ ပန်းကန်ကျကွဲတာ ပေါ့ဆလို့ဆိုပြီး အမှားတွေကို ထောက်ပြတယ်။
အဲဒါကြောင့် ကျွန်တော် ဘာပဲလုပ်လုပ် မှားမှာကို မကြောက်တော့တာ ယနေ့ အထိပါပဲ။ အမှားဆိုတာက တကယ်တော့ အမှန်ကို ရှာတွေ့နိုင်မယ့် လမ်းစ တစ်ခုဆိုတာကို ကိုယ့်ရဲ့ ခေါင်းထဲမှာ မြဲမြဲကြီးမှတ်ဖို့ လိုပါတယ်။ မှားမှာကြောက်လို့ မလုပ်တဲ့ လူထက် လုပ်ပြီး မှားတာက ပိုပြီး တန်ဖိုး ရှိပါတယ်။
" လောကမှာ အလုပ်လုပ်ပြီး မှားသွားတာက အမှား မဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေတာကမှ တကယ့် စင်စစ်အမှား" ပါလို့ သိပ္ပံပညာရှင်ကြီးက ရှင်းပြသွား ခဲ့ပါတယ်။
ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် စွန့်စားပါ စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်ပါ။ မှားမှာ မကြောက်ပါနဲ့။
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment