မင်းသားကြီး ဦးဝင်းဦးနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီးဒေါ်ဝါဝါ ဝင်းရွှေက
ဦးဝင်းဦးနဲ့ ၁၆နှစ်သမီးမှာ ” သိကြားစေသက်သေညွှန်း” ဆိုတဲ့ ဇာတ်ကားကို
ပထမဆုံးအတူ စတင်ရိုက်ကူးခဲ့ပါတယ်။ ဦးဝင်းဦးထက်အနုပညာ လောကကို
တစ်နှစ်စောပြီး ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် ဝင်းဦးက ဝါဝါဝင်းရွှေထက် ၁၃
နှစ်နီးပါးကြီးကြောင်းလည်း သိရပါတယ်။ ဦးဝင်းဦးနဲ့ပတ်သက်ပြီး ဝါဝါဝင်းရွှေရဲ့အမှတ်တရစကားသံကတော့
” အန်တီဝါ မှတ်မိသလောက်အေဝမ်းခြံမှာ ရိုက်နေတဲ့ အချိန်ရိုက်ကွင်းကို
လာကြည့်တယ်။ သူနဲ့ ပထမဆုံးရိုက်တဲ့ကားက ပဲခူးရုပ်ရှင်က
မောင်သန်းအောင်တို့နဲ့ ရိုက်တဲ့ ” သိကြားစေသက်သေညွှန်း” ဆိုတဲ့ကားပေါ့။
သမီးရည်းစားကွဲသွားပြီး ပြန်တွေ့ ကြတဲ့ကားပေါ့။ ဟဲဗီးဒရာမာဇာတ်ပေါ့။ ဆရာကြီးဦးသုခနဲ့ ရိုက်ခဲ့ကြတာ၊ လုံးဝမှတ်မှတ်ရရက အဲဒီကားနဲ့ အန်တီဝါရော၊ ဆရာကြီး ဦးသု ခရော၊ ကိုဝင်းဦးရော အကယ်ဒမီဆုရဖို့အတွက် အရုပ်တောင်ထုပြီးပြီလို့ ဆရာကြီး ဦးသုခက ပြောပြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ အကယ်ဒမီပေးပွဲ မကျင်းပဖြစ်ခဲ့ ဘူး။ နောက် ” ချစ်သမီး” ကားမှာ အန်တီဝါအကယ်ဒမီပြန်ရတာပေါ့။ ၃ယောက်လုံးအတွက် အမှတ်တရပါပဲ။ အဲဒီကားက တအားအောင်မြင်ခဲ့တယ်။ သူနဲ့အတွဲကားဆို တအား အားပေးကြတယ်။
အန်တီဝါက အဲဒီအချိန်က ၁၆နှစ်ပဲရှိသေးတော့ အခုခေတ်မော် ဒယ်တွေလို ပိန်သေးသေးလေးပေါ့။ ဇာတ်ကားတွေကဆက်တိုက်အတွဲ ရိုက် ဖြစ်ခဲ့ပါတယ်။ အနုပညာသမားတစ်ယောက် အနေ နဲ့ ဦးဝင်းဦးအတွက် ဂုဏ်ယူမိသလို သူ့လို အနုပညာရှင်မျိုးနောက် ထပ်ပေါ်ဖို့လည်းမလွယ်ဘူးလို့
ဆို လာတဲ့ ဒေါ် ဝါဝါဝင်းရွှေက ” သူ့လိုအနုပညာရှင်မျိုး က နောက်တစ်ယောက်ထပ်
ပေါ်ဖို့မလွယ်ဘူး။ အခုချိန် ထိမပေါ်သေးဘူးလို့ထင် တယ်။ မျက်ရည်ကျမယ် ဆိုလည်း
မျက်ရည် ကို ပေါက်ပေါက် ကျအောင် လုပ်နိုင်တယ်။ စွယ်စုံရ တယ်။
အနုပညာရှင်တစ်ယောက်အနေနဲ့ သူအတွက် အမြဲဂုဏ်ယူပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
သမီးရည်းစားကွဲသွားပြီး ပြန်တွေ့ ကြတဲ့ကားပေါ့။ ဟဲဗီးဒရာမာဇာတ်ပေါ့။ ဆရာကြီးဦးသုခနဲ့ ရိုက်ခဲ့ကြတာ၊ လုံးဝမှတ်မှတ်ရရက အဲဒီကားနဲ့ အန်တီဝါရော၊ ဆရာကြီး ဦးသု ခရော၊ ကိုဝင်းဦးရော အကယ်ဒမီဆုရဖို့အတွက် အရုပ်တောင်ထုပြီးပြီလို့ ဆရာကြီး ဦးသုခက ပြောပြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ အကယ်ဒမီပေးပွဲ မကျင်းပဖြစ်ခဲ့ ဘူး။ နောက် ” ချစ်သမီး” ကားမှာ အန်တီဝါအကယ်ဒမီပြန်ရတာပေါ့။
အန်တီဝါက အဲဒီအချိန်က ၁၆နှစ်ပဲရှိသေးတော့ အခုခေတ်မော် ဒယ်တွေလို ပိန်သေးသေးလေးပေါ့။ ဇာတ်ကားတွေကဆက်တိုက်အတွဲ ရိုက် ဖြစ်ခဲ့ပါတယ်။ အနုပညာသမားတစ်ယောက် အနေ နဲ့ ဦးဝင်းဦးအတွက် ဂုဏ်ယူမိသလို သူ့လို အနုပညာရှင်မျိုးနောက် ထပ်ပေါ်ဖို့လည်းမလွယ်ဘူးလို့
မေမွန်မောင်
No comments:
Post a Comment