တောင်ကိုရီးယား နိုင်ငံ ဂျင်ဒိုဆိုတဲ့ ကျွန်းကလေး တစ်ခုမှာ အံ့သြ ဖွယ်ရာ ဖြစ်ရပ်ဆန်းကြယ် ဆိုတဲ့ အလွန် ထူးဆန်းဖွယ် သဘာဝ ဖြစ်ရပ်တစ်ခု နှစ်စဉ် ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ က လာရောက် ကြည့်ရှုသူ တွေနဲ့ စည်ကားလှ ပါတယ်။
တစ်နှစ်မှာ နှစ်ကြိမ် ကနေ သုံးကြိမ် ခန့်အထိ ပင်လယ်ရေ ကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်း နဲ့ မိုဒိုကျွန်း အကြားက ရေပြင်မှာ အရှည် ၂ ဒသမ ၉ ကီလိုမီတာ ( ၁ ဒသမ ၇ မိုင်ခန့် ) နဲ့ အကျယ် ၄၀ မီတာ ( ၁၃၁ ပေခန့် ) ရှိတဲ့ မြေပြင် ပေါ်လာပြီး လူတွေဖြတ်သွား လို့ရအောင် တစ်နာရီခန့် ရှိနေတတ် ပါတယ်။
ကျွန်ုပ်တို့ နေထိုင်ကြတဲ့ သတ္တလောက ကြီးဟာ ဆန်းကြယ်လှ ပါတယ်။ အဲဒီ သဘာဝ ဖြစ်ရပ်ဆန်း ကို ပွဲတော်တစ်ခု အနေနဲ့ကျင်းပ ကြပြီး ကမ္ဘာတစ်ဝန်း က လာရောက် ကြသူတွေလည်း နှစ်စဉ် ပါဝင်လေ့ ရှိကြ ပါတယ်။ ဒီလို ဖြစ်ရပ်မျိုးဟာ ကမ္ဘာ့ ဘယ်နေရာမှာမှ မရှိပါဘူး။
ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်၏ နောက်ခံ သမိုင်းကတော့ တစ်ချိန်တုန်းက ဂျင်ဒိုကျွန်း ရဲ့ ရွာကလေး ဟာ ကျားဆိုးတွေရဲက ရန်ပြု တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ ရွာသားတွေ အားလုံးဟာ အနီးအနားက မိုဒိုကျွန်းကို ထွက်ပြေး ခိုလှုံနိုင်ခဲ့ ကြပေမဲ့ အသက်အရွယ် ကြီးရင့်သူ အဘွားအို တစ်ဦးကတော့ ကူညီမယ့်သူ မရှိလို့ နောက်မှာ ကျန်နေရစ် ခဲ့ရရှာ ပါတယ်။
စိတ်ပျက် အားငယ် စွာနဲ့ သူဟာ ပင်လယ် စောင့်နတ်မင်းကို တိုင်တည်ရှိခိုး ဆုတောင်းခဲ့တဲ့ အခါ နတ်မင်းကြီး က ပင်လယ်ပြင် ကြီးကို နှစ်ခြမ်းခွဲပြီး သူမကို သွေးဆာ နေတဲ့ တောရိုင်း တိရစ္ဆာန် တွေရဲ့ ဘေးကနေ လွတ်အောင် မိုဒိုကျွန်းကို ထွက်ပြေးနိုင်ဖို့ ဖန်ဆင်း ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေ စပြီး နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်မှာ ကျွန်းနှစ်ကျွန်းကို လူတွေဖြတ်သွား နိုင်အောင် ကုန်းမြေပေါ်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုရီးယား နိုင်ငံသား တွေဟာ ကြုံခေါင့်ကြုံခဲ မြေသား ပေါ်တဲ့အချိန်မှာ ဂျင်ဒိုကျွန်းကို လာရောက် ဆင်နွှဲ ကြပါတယ်။ ဒီလို အဖြစ်အပျက်ဟာ နှစ်စဉ် မေ ၁၈ ရက်မှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။
ကိုရီးယားတွေ ကတော့ နှစ်စဉ် မတ်လ ၊ မေလ နဲ့ ဇူလိုင်လ တွေမှာ ပွဲတော်ကို ကျင်းပ ကြပါတယ်။ အခုတော့ ပိုမို များပြားလာတဲ့ ဧည့်သည် တွေကြောင့် ပွဲတော်ကို ဧပြီလမှာလည်း ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။
The Myawady Daily
No comments:
Post a Comment