Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

အင်တာနက် မသုံးနိုင်သူများအတွက် ဖေ့စ်ဘွတ်၏ စီမံကိန်း


Ref : io9.com

Facebook ၏ CEO လည်းဖြစ် founder လည်းဖြစ်သည့် Mark Zucker-berg အနေဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် Internet.Org ၀က်ဘ်ဆိုဒ်နဲ့ စတင်ထားတဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့အတိုင်းအတာဖြင့် ၂ ဒသမ ၇ ဘီလီလျံသောသူများ သာ အင်တာနက်အသုံးပြု နိုင်ပြီး နှစ်စဉ် ကိုးရာခိုင်နှုန်းသာ နှေးကွေးစွာ တိုးတက်လာနေတယ်လို့ ဆိုပါသည်။ ထို့အတွက် ရည်ရွယ် ခဲ့သည့် Internet.Org အနေနဲ့ data ကို အပြည့်အ၀အသုံးချနိုင်ရန် ကုန်ကျစရိတ်နည်းသည့် အင်တာ နက်ချိတ် ဆက်နိုင်ဖို့၊ အင်တာနက်အသုံးပြုနိုင်ဖို့ လမ်းကြောင်းပေးနိုင်တဲ့ စီးပွားရေးမူဝါဒများ ချမှတ်နိုင် မည့် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးဖို့အတွက်ရည်ရွယ်ထားပြီး၊ founder များအနေဖြင့်Facebook, Ericsson, MediaTek, Nokia, Opera, Qualcomm, Samsung စသည့် ကုမ္ပဏီကြီးများ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်များစွာကလည်း Google က ကမ္ဘာအနှံ့ကို အင်တာနက် ချိတ်ဆက်နိုင်ဖို့ မိုးပျံပူဖောင်းတွေ နဲ့ အင်တာနက် ထပ်ဆင့်လွှင့်ဖို့ Project Loon ဆိုတဲ့ စီမံကိန်းတစ်ခု စတင်ထားခဲ့ပြီး Facebook နှင့် ထိပ် တိုက်တွေ့မည့် သဘောဆောင်နေကြောင်း သိရသည်။

Potential project တွေအနေဖြင့် တန်ဖိုးနည်းအရည်အသွေးမြင့် smart-phone တွေ ထုတ်လုပ်နိုင်ဖို့၊ ဖွံ့ဖြိုးဆဲ/ ဖွံ့ဖြိုးမှုမရှိတဲ့ နေရာတွေမှာ အင်တာနက် ရရှိနိုင်ဖို့၊ mobile ဖုန်းတွေကို မိခင်ဘာသာ စကားနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့စတဲ့ စီမံကိန်းတွေရှိပြီး လောလောဆယ် အချိန်မှာတော့ Internet.O rg ၀က်ဘ်ဆိုဒ်က ဗီဒီယိုတစ်ခုသာရှိသေးပြီး မကြာခင်မှာ သတင်းတွေ၊ လှုပ်ရှားမှုတွေ ဆက်တိုက် တင် ပေးသွားမှာဖြစ်ကြောင်း သိရသည်။
Mizzima Burmese

 

http://vator.tv/news/2013-11-04-bill-gates-slaps-down-mark-zuckerberg-and-internetorg

No comments:

Post a Comment