Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

မန်းလေးမှာ သာသနာကို ညစ်နွမ်း စေသူ ဖမ်းဆီးမိ


ဒီဇင် ဘာ ၁၉

ယ နေ့ မနက် ၉နာရီခွဲခန့် က မန်းမြန်မာဈေးချိုပလာဇာအနီးတွင
သင်္ကန်းဝတ်ဆွမ်းခံလာသူတစ်ဦးအား မသင်္ကာ၍ ချမ်းအေးသာဇံ
မြို့ နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှခေါ်ယူစစ်
ဆေးခဲ့ရာ အတုယောင်ဆောင်ဖြစ်နေသဖြင့် သာသနာကိုညှိုးနွမ်း
စေမှုဖြင့် အ ရေးယူနိုင် ရန်အတွက်သက်ဆိုင် ရာ ရဲစခန်းသို့  အပ်နှံ
လိုက်သည်ဟု လူထုပုံရိပ်မှ သတင်းရရှိသည်။
သံဃာအတုယောင်ဆောင် သူမှာမတ္တရာမြို့ နယ် ကဘိုင်ကျေးရွာနေ
ဦးစိုးလွင်(ဘ)ဦးထွန်း ၄၇ နှစ်ဖြစ်ပြီးဆွမ်းခံစဉ် သင်္ကန်းအောက်၌ မိန်းမ
ထမီ နှင့် အင်္ကျီ ကိုဝတ်ဆင် ထားပီး၎င်းနှင့်အတူ မိန်းမဝတ်အတွင်းခံ
ဘော်ဒီတထည် ထမီတထည် ငွေစက္ကူရောရာ ၈၈၀၀ကျပ်ပါ တွေ့ ရှိ
ရသည်။
ယခုကဲ့သို့ သာသနာတော်ကို ညှိုးနွမ်းအောင် ပြုမူလုပ်ဆောင်ခြင်းများ
အား မိမိတို့ အဖွဲ့ မှ စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးဖေါ်ထုတ်သွား
မည်ဟု ချမ်း/အေး သာသနာတော်ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့ 
ဥက္ကဌ ဆရာတော်မှ လူထုပုံရိပ်သို့ မိန့် ကြားသည်။

အောင်ကျော်မိုး
လူထုပုံရိပ်

ဂျာနယ် ရက် ဝေးနေလို့ တင်ပေး
လိုက်ပါတယ် .....

သတင်းချစ်သူ

No comments:

Post a Comment