CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 14, 2013
ထူးဆန်းသောရောဂါဆိုးနှင့် လူ့လောကသို့ရောက်လာသည့် မောင်နှမနှစ်ဦး.
ကမ္ဘာမြေပြင်ပေါ်သို့ လူသားတစ်ယောက်အနေဖြင့် ရောက်ရှိလာသော လူတို့သည်
နိုင်ငံ၊ ဘာသာ၊ လူမျိုးကွဲပြား၍ နေ့စဉ်နေ့တိုင်း လူ့ဘုံလောကထဲသို့
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရောက်ရှိလာကြသည့် (၃၁) ဘုံတွင်
ကုသိုလ်ရေးပြုလုပ်ရာတွင် အမြင့်မြတ်ဆုံးဘုံဟု သတ်မှတ်ထားသော
လူ့ဘုံလူ့လောကထဲသို့ ရောက်ရှိလာသော သူတို့အား ကံကောင်းသူများဟု
သတ်မှတ်ကြသည်။ သို့ရာတွင် မိခင်ဝမ်းမှ လွတ် မြောက်၍ ပြင်ပလူ့လောကသို့
ရောက်ရှိလာသော ရင်သွေးငယ်လေးများသည် မွေးရာပါ နူတ်ခမ်းကွဲခြင်း၊
ပိုလီယိုရောဂါ၊ နှလုံးရောဂါ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံခြင်း
တို့သည်လည်းရှိခဲ့သည်။ လူ့လောကသို့ရောက် ရှိလာခြင်းကို ကျွန်တော်တို့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် သံသရာဝဋ်ကြွေးများဟု သတ်မှတ်ကြ
သည်လည်းရှိခဲ့သည်။ ထိုသို့ ဝဋ်နာ၊ ကံနာများနှင့် လူ့လောကသို့ ရောက်ရှိလာသော
ရင်သွေးငယ်များထဲ တွင် ထူးဆန်းသောဝေဒနာခံစား၍ ရောက်ရှိလာသော
ရင်သွေးငယ်များအား ကျွန်တော်တို့ သုခကုသိုလ် ဖြစ်ဆေးခန်းတွင်
မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်။
ထူးဆန်းသောရောဂါဆိုးနှင့် လူ့လောကသို့ရောက်လာသည့် မောင်နှမနှစ်ဦး.
Reviewed by VC
on
December 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment