မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည်
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူ
“ကျနော်တို့ ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်းချစ်ခင်သူများအတ
ယောက်ျားလေး လိင်လုပ်သားများသည် လိင်တူဆက်ဆံသူများဟု အများက ယူဆထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများသည် မိသားစုကိုထောက်ပံ့နိုင်ရန်
ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း၌ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက်ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ယေ
“Show Bar မှာအလုပ်လုပ်တဲ့ လူငယ်တယောက်ဟာ တလကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြား ဘားတခုမှ အမည်မဖော် လိုသူ စားပွဲထိုး တဦးက ဧရာဝတီသို့ပြောသည်။ စားပွဲထိုးများက ယောက်ျားလေး လိင်လုပ်သားများလောက် ၀င်ငွေမရ ရှိ ကြောင်းနှင့် တခါတခါရံ ၎င်းတို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန
ယောက်ျားလေး လိင်လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည်ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့၏ လူသိများသည့် နေရာများတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ်က ရေရှည်မဟုတ်ပါ။ “အများစုက သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက်ကြာတဲ့ အခါ သူတို့ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုးကပြောသည်။
ငယ်ရွယ်သော ယောက်ျားလေး လိင်လုပ်သား အများအပြားသည် မူးယစ်ဆေးသုံးစွဲသွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ်သမားများက ယောက်ျား လေး လိင်လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ်သည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်နေသည့် အတွက် ထုတ်ဖော်မပြောဆိုလို၍ ဖြစ်ကြောင်း ပြောကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူမ
“တချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေနဲ့ အတူတူ ညဖက်မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက်မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာစိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿနာရှိတယ်။ ဧည့်သည်က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမားတဦးက ပြောပြသည်။ ဧည့်သည်များက တညလုံးစာအတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။လိင်လုပ်သား အဖြစ်လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူတဦးကိ
လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ်ကူးစက်ခြင်းနှင့်သေဆုံး
“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက်အတိုင်းဖြစ်နိုင်
“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင်အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေသည်
“သူတို့က သူတို့ရဲ့ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဖို့
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသားများ နှင့်လည်း အလုပ်လုပ်နေသည်ဟု Hark Murng ကဆိုသည်။ယခင်အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ
အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုးကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
https://www.facebook.com/photo.php?fbid=691682864198712&set=a.602914413075558.1073741828.602908709742795&type=1&theater
No comments:
Post a Comment