Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 28, 2013

ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်တပ်ကို အကူအညီ တောင်းမည်ဟု ထိုင်းအစိုးရ ပြောကြား

ထိုင်းအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်တပ်ကို အကူအညီ တောင်းမည်ဟု ယနေ့ ပြောကြားလိုက်သည်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းများအတွင်း လူ ၂ ဦး သေဆုံးကာ အခြား လူ ၁၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ကော်မရှင်၏ အဆိုပြုချက်ကို ပယ်ချခဲ့သည်။ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားပြီးနောက် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် အဆိုပြုခဲ့သည်။

ကြာသပတေးနေ့ အဓိကရုဏ်းများအတွင်း အသက် ၃၀ အရွယ် အရပ်သားတစ်ဦးမှာလည်း ဝမ်းဗိုက်ကို သေနတ်ထိမှန်ခဲ့ရာ ဆေးရုံတွင် ကုသမှုခံယူစဉ် သောကြာနေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အဓိကရုဏ်းများအတွင်း ဒဏ်ရာရှိသူ ၁၅၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၃၈ မှာ ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆူရာပွန်က ၎င်းအနေဖြင့် စနေနေ့တွင် ပြုလုပ်ရမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှု အစီအစဉ်အတွက် စစ်တပ်အကြီးအကဲထံ လုံခြုံရေး အကူအညီ တောင်းခံမည်ဟု ပြောကြားသည်။ ထို့အတူ လာမည့် ဖေဖေါ်ဝါရီ ရွေးကောက်ပွဲတွင်လည်း လုံခြုံရေးအတွက် စစ်တပ်အနေဖြင့် အကူအညီပေးရန် အဆိုပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ဝန်ကြီးချုပ်ယင်လတ် အစိုးရသည် ထိုင်းမြောက်ပိုင်း ဒေသများတွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှု အကြီးအကျယ် ရရှိနေဆဲဖြစ်ပြီး ထိုထောက်ခံအားပေးမှု ပမာဏမှာ နိုင်ငံ၏ထက်ဝက်ခန့်ပင်ရှိသည်။ သို့သော် ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ယင်လတ်အစိုးရအား ရက်သတ္တပတ်ပေါင်း အတန်ကြာ စုရုံးဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင်မူ ဆန္ဒပြသူများက ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုပြုလုပ်ရာ အားကစားကွင်းကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

ဆန္ဒပြသူများအား ဖြိုခွင်းရာတွင် ကျည်ဆန်အစစ်များ အသုံးပြခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသော်လည်း ရဲတပ်ဖွဲ့မူ ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယင်လတ်၏ အကိုဖြစ်သူ သက်ဆင်အား လွန်ခဲ့သည့် ၇ နှစ်က အာဏာသိမ်းမှုဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လက်ရှိ အခြေအနေသည် သွေးထွက်သံယို နိုင်ငံရေး အဓိကရုဏ်းများနှင့်အတူ မတည်မငြိမ်ဖြစ်မှု အရှိန်မြင့်လျက်ရှိသည်။


Credit  : PLANET 

Thailand government seeks military help in elections

Soldiers wear gas masks as they stand guard at the Thai-Japan youth stadium in central Bangkok, 26 December 2013 
 The army is a powerful player in Thai politics

Related Stories

Thailand's government said it would ask the army to provide security for February's elections, as the military called for restraint on both sides.
The country is facing increasingly violent protests, with two killed and dozens injured in recent days.
On Thursday, the Electoral Commission said the polls should be postponed to ensure the safety of candidates.
However government officials said parliament was already dissolved so there was no legal reason for a delay.
Fighting broke out on Thursday at a stadium where election candidates were being registered.
'Red traffic lights' A group of protesters, some throwing stones and evidently some who were armed, tried to break into the stadium.
One police officer and one protest
http://www.bbc.co.uk/news/world-asia-25524946

No comments:

Post a Comment