Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 23, 2013

မွန်ပြည်နယ်မှ ကျောင်းသူနှစ်ဦးအင်္ဂလန်သို့ ပညာတော်သင်စေလွှတ်မည်


မွန်ပြည်နယ်အခြေစိုက် တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့ကသံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင်သွားရောက် ပညာသင်ကြားရန်အတွက်ကျပ်သိန်း ၆၀၀ ပညာသင်စရိတ်ထောက်ပံ့ပေးမည်ဟ ဆုရွေးချယ်ရေးအဖွဲ့မှတာဝန်ခံ ဦးခင်မောင်ဇင်က ဒီဇင်ဘာ ၂၁ ကရန်ကုန်မြို့၊ မြေနီကုန်းရှိCrown Education တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော သည်။

“လူငယ်တွေဟာ အင်္ဂလန်လိုနိုင်ငံမျိုးမှာ ပညာသင်ကြားရဖို့ဆိုတာ အိပ်မက်တစ်ခုလို ပါပဲ”ဟု ဆိုသည်။

ယင်းသို့ပညာသင်စရိတ်ထောက်ပံ့ကြေးပေး ရခြင်းမှာ ကျေးလက်တောရွာများတွင် ပညာရေးအခွင့်အလမ်းများပိုမိုတိုးတက်စေရန် ရည်ရွယ်၍ဖြစ်ပြီးထောက်ပံ့ရာတွင် အလှုရှင်တစ်ဦးတည်းက ထောက်ပံ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုပေးခြင်းနှင့်ပတ်သက်ပြီးအလှူရှင်ကိုမင်းမြတ်သူက “ကျေးလက်တောရွာကလူငယ်တွေ နိုင်ငံတကာအဆင့်မီပညာရေးကို လေ့လာဆည်းပူးနိုင်စေဖို့ရည်ရွယ်ပြီး ထောက်ပံ့ပေးတာပါ။ ပညာသင်ဆုရတဲ့သူေ တွအနေနဲ့ကျွန်တော်ဆုံးပါးသွားရင်တောင် ပညာဆက်သင်နိုင်အောင်စီစဉ်ထား ပါတယ်”ဟုဆိုသည်။

ထောက်ပံ့ကြေးပေးရာတွင် ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေးပေးထားသူနှစ်ဦးဘွဲ့ရမှ ကျန်သူများကို ဆက်လက် ထောက်ပံ့ရန် စီစဉ်သွားမည်ဖြစ်သည်။ အဆိုပါကျောင်း သူနှစ်ဦးမှာ လက်ရှိတွင် ပြည်တွင်း၌ တက္ကသိုလ်ပညာရေးသင်ကြားနေသူများဖြစ်ပြီး အင်္ဂလန်တွင်မည်သည့်ကျောင်း၌ ပညာသင်ကြားရမည်ဆိုသည်ကိုရွေးချယ်ခြင်း မပြုလုပ်ရသေးပေ။

ပညာသင်ဆုရရှိခဲ့သူမြို့ပြအင်ဂျင်နီယာကျောင်းသူ မလင်းရတနာလွင်က “ကျောင်းပြီးသွားရင် ကိုယ့်ရပ်ရွာမှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကိုယ့်ရပ်ရွာကလူတွေ ပညာရေးကိုလဲ စိတ်ပါဝင်စားလာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုဆိုသည်။

အဆိုပါကျောင်းသူနှစ်ဦးကိုအင်္ဂလန်နိုင်ငံတွင် ပညာသင်ယူရန်အတွက်လိုအပ်သည့် ပညာရေးဆိုင်ရာ အကြံဉဏ်များပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာ အကြံဥာဏ်များ ပေးခြင်းကို Crown Education မှ ပံ့ပိုးပေးလျက်ရှိပြီးအင်္ဂလန်နိုင်ငံတွင် သွားရောက်ပညာသင်ကြားရန် ကြိုတင်ပြင်ဆင်မှုများကိုခြောက်လမှ ဆယ်လအတွင်းဆောင်ရွက်ပေးသွားမည်ဟု Crown Education မှပညာရေးဆိုင်ရာအြ ကံပေးဦးအောင်ကျော်ဆန်းက ဆိုသည်။

တက္ကသိုလ်ပညာသင်ဆုရွေးချယ်ချီးမြှ င့်ရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ၁၂ ရက်တွင်ပညာသင်ဆု လျှောက်ထားနိုင် ရေးအတွက်စတင်ခေါ်ယူခဲ့ပြီး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ အသက်၂၂နှစ်ထက်မကြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီးဆေးစစ်ချက် အောင်မြင်သူ၊မိဘနှစ်ပါးစလုံးမွန်လူမျိုးဖြစ်ပြီး ပငကျေးရွာတွင်တစ်ဆက်တည်း ၁၀ နှစ်နေထိုင်သူ၊ မွန်စာ မွန်စကား ကောင်းစွာတတ်ကျွမ်းသူ၊ပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်ပြီးလူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသူ၊ ပညာဆုံးခန်းတိုင်ပါက မိမိနိုင်ငံအကျိုး လူမျိုးအကျိုးကိ ပြန်လည်သယ်ပိုးနိုင်သူ စသည့် အချက်များဖြင့် ကိုက်ညီရမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment