Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 6, 2013

ကြေးနီစီမံကိန်းအနီး ယာမြေများ မြေဆိပ်သင့်မှုမြင့်မား

 
(ပညာရှင်ဦးဝင်းမျိုးသူ) ဖေ့ဘွတ်မှကူးယူဖော်ပြပါတယ်

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဦးပိုင်ကုမ္ဗဏီရဲ့ ဆာဖြူရစ်အက်စစ် စက်ရုံကို ISO စံနှုန်း၊စံထားများနဲ့အညီ လည်ပတ်ဆောင်ရွက်နိုင်ဘို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ စက်ရုံတည်ရှိတဲ့ ကံကုန်းကျေးရွာ က ရွာသားများရဲ့ အဆိုအရ၊ စက်ရုံဟာ လိုက်နာမှုမရှိဘဲ ဆက်လက် လည်ပတ်ခဲ့တဲ့ အတွက် စက်ရုံနားက ယာမြေမှာ စိုက်ထားတဲ့ သီးနှံများပျက်စီး သွားကြောင်း၊ ဒါကြောင့်မို့လို့ ဓာတ်ခွဲစမ်းသပ်ပေးဘို့ အကူအညီတောင်းလာပါတယ်၊ တောင်သူတွေပို့လိုက်တဲ့ မြေနမူနာတွေ ကို ကျွန်တော်တို့ ကိုယ်ပိုင်ဓာတ်ခွဲခန်းနဲ့ အစိုးရစိုက်ပျိုးရေး ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ကြည့်ခဲ့ပါတယ်။ ဓာတ်ခွဲခန်း ရလာဒ်က ကြောက်ခမန်းလိလိ ပါဘဲ။

စမ်းသပ်ကွက် ၆ခုစလုံးမှာ သံသယရှိတဲ့ ရေပျော်ကန့်ပြာဓာတ် (ရေတွင်ပျော်ဝင်နေသော ဆာလဖိတ်ဓာတ်ပေါင်း) ရဲ့ ပမာဏာဟာ ၂၅၀ မီလီဂရမ် ပါ ကီလိုဂရမ်ထက်များနေပါတယ်။ ဆာလဖိတ်ပါဝင်မှုဟာ မြေတစ်ကီလိုဂရမ်မှာ ၅၀ မီလီဂရမ်ထက်များပြီးပါဝင်ပါက အလွန်မြင့်မားတယ်လို့ သတ်မှတ်ပါတယ်။

တစ်နည်းအားဖြင့်မြေအဆိပ်သင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ခုတွေ့ရှိချက်အရ ကြေးနီစီမံကိန်း နားက ယာမြေတွေမှာ ကန့်သတ်ပမာဏထက်ကို ငါးဆ လောက်များနေတာ ကြောက်ခမန်းလိလိပါဘဲ။ စိုက်ပျိုးမြေ၊စိုက်ပျိုးသီးနှံတွေမှာ ဒီလောက်အဆိပ်ဓာတ်တွေသင့်နေရင် စက်ရုံနဲ့ကပ်နေတဲ့ ရွာထဲမှာနေထိုင်တဲ့ ကျေးရွာသူ၊ရွာသားတွေ အတွက်ဘယ်လောက်အန္တရာယ်များမယ်ဆိုတာ တွေးကြည့်မိတယ်၊

သူတို့တွေပြောပြတဲ့ ကျမ္မာရေးပြသနာဟာ စက်ရုံနဲ့ ဆက်စပ်မှုရှိနေနိုင်တယ်ဆိုတဲ့ အချက်ကို တွေးဆမိတယ်။ ဒါကို အတည်ပြုနိုင်ဘို့ Health Impact Assessment ကျမ္မာရေးထိခိုက်မှုဆန်းစစ်ချက် တစ်ခုကို ချက်ခြင်း ဆောင်ရွက်သင့်ပါတယ်။ ပတ်ဝန်းကျင်ရေးရာဥပဒေမှာရော သတ္တုတွင်းဥပဒေမှာ ပါ Polluter Pay Principle ညစ်ညမ်းသူကတာဝန်ယူကြေး အခြေခံသဘောတရားတွေပါ ပါတယ်။

ဆိုလိုတာက စက်ရုံကြောင့် နစ်နာမှုအလုံးစုံကို စက်ရုံတာဝန်ရှိသူများက ပြန်လည်တာဝန်ယူဘို့လိုပါတယ်။ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုမျက်ကွယ်ပြုပြီး ထင်တိုင်းကြဲနေတဲ့ ဦးပိုင်ကို တော်တော်ဘဲ အံအားသင့်မိပါတယ်။

ဒါကြောင့်မို့လဲ ဘာတွေ၊ဘယ်လောက်ကောင်းအောင်လုပ်ပေးပါမယ် လို့ သတင်းစာ၊တီဗီထဲမှာ ပြောနေပေမဲ့ ဒေသခံတွေ အများစုဟာ ဒီနေ့အထီ စီမံကိန်းအပေါ်မှာ မယုံကြတာ၊ ဆန္ဒတွေဖော်ထုတ်တာ မဆန်းပါဘူး၊ အပြောတစ်မျိုး၊အလုပ်တစ်မျိုး တွေကြောင့် ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ အမှိုက်ကစ ပြဿမီးလောင်မဲ့ ကိန်းမျိုးဆိုက်တော့မယ်ထင်ပါရဲ့။

No comments:

Post a Comment