Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 18, 2013

မိခင်ဖြစ်သူကို သားသမီးသုံးယောက်ရှေ့ တွင်ပစ်သတ်တဲ့ အဖေ

video platformvideo managementvideo solutionsvideo player
အမေရိကန် ပင်ဆယ်ဗေးနီးယား၊အနောက်ဗက်သလီဟမ်မှာနေထိုင်တဲ့ ၀င်းမင်းထွဋ်အသက် ၃၇ နှစ်ဟာ သူ့ ရဲ့ သားသမီး ၃ယောက်ရှေ့ မှာ ပဲ မိခင်ဖြစ်သူကိုပစ်သတ်ခဲ့တဲ့အမှု မနေ့ ကဖြစ်ပွားခဲ့ပါတယ်။
သမီးဖြစ်သူက ၁၆နှစ်၊သားက၁၀နှစ်၊အငယ်ဆုံးသမီးက ၃နှစ်ရှိပြီး သူတို့ ၃ယောက်စလုံးရှေ့ မှာပဲ  မိခင်ဖြစ် သူကို ဖခင်က သေနတ်နဲ့ ပစ်သတ်လိုက်တာကိုတွေ့ ခဲ့ကြရပါတယ်။ ၀င်းမင်းထွဋ်ဟာ မိန်းမဖြစ် သူသီတာမြင့် ကိုသေနတ်နဲ့ ပစ်ပြီး အငယ်ဆုံး၃နှစ်အရွယ်သမီးဖြစ်သူကိုခေါ်ဆောင်ပြီး ကားမောင်းထွက် သွား ခဲ့တယ်လို့ ဆိုပါတယ်။ 
 သားဖြစ်သူဟာ နှင်းတွေဖုံးနေတဲ့လမ်းလယ်မှာမိခင်ဖြစ်သူကိုဖက်ပြီးငိုကြွေးနေခဲ့တယ်လို့ 
အိမ်နီးခြင်းတွေကပြောပြကြပါတယ်။


အခင်းဖြစ်ပွားတဲ့ အင်္ဂါနေ့ မနက်က သီတာမြင့် ဟာ သူမယောက်ျားဖြစ်သူရဲ့ အိမ်တွင်း အကြမ်းဖက်မှုမှသူ့  ကို ကာကွယ်ပေးဖို့  ဆုံးဖြတ်ချက်ကို လီဟိုက်ခရိုင်တရားရုံးကနေရရှိခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်မှာ ဇနီးဖြစ် သူ နဲ့ သားသမီးများနဲ့ တွေ့ ဆုံခွင့်ကို ၆လပိတ်ပင်ထားတယ်။ဒီဆုံးဖြတ်ချက်မှာချွင်းချက်က ကြာသာ ပတေးနေ့ အမေရိကန်နိုင်ငံသားအဖြစ်ခံယူမယ့် အသက်၁၆နှစ်ရှိပြီဖြစ် တဲ့သမီးဖြစ်သူ ကိုတော့ ပေ ၁၀၀ အကွာ ကနေ တွေ့ ခွင့်ရှိပါတယ်။
သီတာမြင့်ရဲ့ ရှေ့ နေက သူအသတ်ခံရတယ်ဆိုတာကြားရတော့အရမ်း ကိုတုန်လှုပ်သွားမိကြောင်း၊ ဒါဟာ စိတ် ခံ စားမှုဒေါသအလျောက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီလိုအကြမ်းဖက် မှု ကိုသူ့ အနေနဲ့  မမျှော်လင့် ထားကြောင်းပြော ပါတယ်။

ကလေးသုံးယောက်ကိုတော့ကလေးသူငယ်စောက်ရှောက်ရေးဌာနမှာစောင့်ရှောက်ထားမယ်လို့ သိရပါတယ်။
themeltingpot4u
 
Source

No comments:

Post a Comment