CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 29, 2013
နွားထိုးကြီးနယ် ဘုရားခိုးများ
နွားထိုးကြီးမြို့နယ်၊ သူခိုး ကျေးရွာတွင် ပုဂံခေတ်ဦး ဘုရား များအတွင်းမှ ရှေးဟောင်းဘုရား များ ဦးခေါင်းတော်ဖြတ် အခိုးခံ ရမှုများရှိနေ၍ ကျေးရွာက သံ တံခါးသော့ခတ် ထိန်းသိမ်းနေရ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ဆိုသည်။
အလားတူပင် ထန်းကွရွာ၌ လည်း မကြာမီက ရှေးဟောင်း ဘုရားတစ်ဆုခြေဖြတ်၍ နယ်စပ် အပင့်ခံခဲ့ရကြောင်း ထန်းကွ အုပ်ချုပ်ရေးမှူးက ဆိုပြန်သည်။
နွားထိုးကြီးမြို့ပေါ်ရှိ ရှင်ပင် သာဒွန်းဦးဘုရားဝန်းမှရှေးဟောင်း ဘုရားများမှာလည်း မကြာခဏ အခိုးခံ၊ ဦးခေါင်းတော်အဖြတ်ခံ နေရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ထိန်းသိမ်းစောင့်ရှောက် နေရကြောင်း အမှတ် (၂) ရပ် ကွက် အုပ်ချုပ်ရေးမှူးကဆိုသည်။
ဘုရားခိုးသူများမှာ ဂိုဏ်းဖွဲ့ ၍ ခိုးယူခြင်းဖြစ်ပြီး ရှေးဟောင်း ပစ်္စည်းအဖြစ် နိုင်ငံပြင်ပသို့ ခိုး ထုတ်နေကြောင်း သိရသည်။
ဌေးမြင့်
Hot News Journal
နွားထိုးကြီးနယ် ဘုရားခိုးများ
Reviewed by VC
on
December 29, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment