Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 5, 2013

အချိုရည်နှင့် အချိုစာများကြောင့် ကျောက်ကပ် ထိခိုင်နိုင်

အစားအစာမှာ ပါဝင်တဲ့ အချိုရည် နဲ့ သကြားတွေကြောင့် ကျောက်ကပ်ပေါ်မှာ အကျိုး ဆုတ်ယုတ်နိုင်ကြောင်း လေ့ လာမှု အသစ်နှစ်ခုအရ တွေ့ရှိထားပါ တယ်။ ဂျပန်မှာ ပြုလုပ်တဲ့ လေ့လာမှုအ သစ်တစ်ခု အရ တစ်နေ့ကို အနည်းဆုံး အချိုရည် နှစ်ခွက်သောက်သူတွေဟာ ဆီးထဲမှာ ပရိုတင်းပါဝင်မှု များတာနဲ့ ဆက် စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆီးထဲ မှာ ပရိုတင်းပါဝင်မှု များတာဟာ ကျောက် ကပ်အလုပ် မလုပ်နိုင်တာရဲ့ လက္ခဏာ တစ်ခုပါလို့ ဆိုပါတယ်။
တခြားနိုင်ငံက လေ့လာမှုတစ်ခုအ ရလည်း ကြွက်တွေမှာ ဖရူတို့စ်ခေါ်တဲ့ သစ်သီးမှ ရရှိတဲ့အချိုဓာတ်ကို ပမာဏ အသင့်အတင့် ရရှိပါက ဆားညီညွတ်မှု ကို ထိန်းချုပ်ပေးတဲ့ ပရိုတင်း တစ်မျိုးဖြစ် တဲ့ Angiotensin II အပေါ် ကျောက် ကပ်ရဲ့ Sensitivity ပိုမို များပြားလာ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျောက်ကပ် အတွင်းမှ ဆဲလ်တွေက ဆားတွေကို စုပ်ယူမှု ပိုများလာပြီး ကျောက် ကပ် ထိခိုက်လာပါတယ်။ အချိုရည် အဖြစ် အသုံးပြုတဲ့ High Frutose Corn Syrup တွေကို များများ အသုံးပြုရင် ဆီးချိုရောဂါ၊ အဝ လွန်တာ၊ သွေးတိုးရောဂါနဲ့ ကျောက်ကပ် ပျက်စီးတာတွေနဲ့  ဆက်စပ်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment