Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 8, 2013

ပါလီမန်ကို ဖျက်သိမ်းပြီးရွေးကောက်ပွဲကျင်းပသွားမည်ဟုထိုင်းဝန်ကြီးချုပ်ပြော

ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်ကောင်းစွာ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ထိုင်းဝန်ကြီးချုပ် ယဉ်လတ်က ပါလီမန်ကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အစိုးရအား ပြည်သူအများအပြားက ဆန့်ကျင်မှုများ ပေါ်ပေါက်နေသည့် လက်ရှိ အခြေအနေတွင် အကောင်းဆုံးဖြေရှင်းနည်းမှာ အာဏာကို ထိုင်းပြည်သူများထံ ပြန်လည် အပ်နှင်းရန်နှင့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန်ပင်ဖြစ်ကြောင်း၊ ထို့နောက် ပြည်သူများက ရွေးကောက်ပွဲတွင် ဆုံးဖြတ်ပေးသွားလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ယဉ်လတ်က ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ပြောကြားလိုက်သည်။


Planet Myanmar Network

No comments:

Post a Comment