Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

အင်းဝရတနာ ဆီမီးဘုရားစုမှ ပျားကြီးအုံကြီးများကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များ စိတ်ဝင်စား


နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်လာရောက်လည်ပတ်လျက်ရှိနေသည့် အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရတနာဆီမီး ဘုရားစုတွင် ပေါက်ရောက်တည်ရှိနေသည့် လက်ပံပင်ကြီးပေါ်တွင် ယခုအခါ ကြီးမားသည့်ပျားကြီး ပျားအုံကြီးနှစ်အုံလာရောက်အုံဖွဲ့မှု ရှိနေသဖြင့် ခရီးသွားဧည့်သည်များနှင့် ပြည်တွင်းဘုရားဖူးများပါစိတ်ဝင် စားစွာကြည့်ရှုမှုများ ရှိနေကြောင်းသိရသည်။ ပျားကြီးအုံကြီးနှစ်အုံမှာ ရတနာဆီမီးဘုရားစု၏ အနောက်တောင်ဘက်ထောင့်တွင်
ပေါက်ရောက် နေသည့် လက်ပံပင်ကြီးပေါ်တွင် ဘုရားဘက်သို့ထွက်ဖြာနေသည့် ကိုင်းနှစ် ကိုင်း၏ အမြင့်ပေ၄ဝခန့်တွင် အုံဖွဲ့နေခြင်းဖြစ်သည်။ ပျားအုံကြီးများ မှာ နှစ်ပေခန့်မျှကြီးမားပြီး ပျားကြီးများမှာ ဘုရားဖူးများ၊ လူတိရစ္ဆာန်များကို နှောင့်ယှက်မှု၊ အန္တရာယ်ပြုမှု တစ်စုံတစ်ရာမရှိကြောင်း၊ လူသူ တိရစ္ဆာန် များနှင့် လွတ်ကင်းသည့် မြင့်မားသောသစ်ကိုင်းကြီးများတွင် စွဲအုံနေခြင်း ကြောင့်လူများကလည်း ပျားအုံကြီးများကိုလဲ နှောင့်ယှက်ခြင်းမပြုကြ ကြောင်း သိရသည်။

''လက်ပံပင်ပေါ်မှာပျားအုံကြီးတွေ လာစွဲတာတစ်လလောက်တော့ ရှိပြီ။ ပျားကြီးတွေက လူတွေ၊ တိရစ္ဆာန်တွေကို တုပ်တာ လုံးဝမရှိဘူး။ နိုင်ငံခြားသားတွေ၊ ဘုရားဖူးလာသူတွေက ပျားအုံကြီးတွေ မြင်တော့ စိတ်ဝင်စားကြတယ်။ တချို့က ပျားအုံအကြီးကြီးတွေ မမြင်ဖူးတော့ အထူးအဆန်းအနေနဲ့ ကြည့်ကြတာပေါ့။ ဒီမှာလဲ ပျားကြီးအုံတွေက ရှားပါးတယ်။ အများအားဖြင့် ပျားကြီးအုံတွေက တောတောင် စိမ့်စမ်း ထူထပ်ရာမှာ အုံဖွဲ့ကြတာပါ''ဟုဒေသခံ ဈေးရောင်းချနေသူတစ်ဦးက ပြောပြသည်။
ရတနာဆီမီးဘုရားစုသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်လာရောက် လေ့လာလည်ပတ်ကြသည့် အင်းဝ(၄)ဌာနတွင်ပါဝင်ပြီး ပြည်တွင်းပြည်
ပဘုရားဖူလည်ပတ်သူများနှင့်စည်ကားသည့် ဘုရားတစ်ဆူ ဖြစ်သည်။

အင်းဝမီးသွေးတိုက်အုပ်စုတွင်တည်ရှိပြီး လောကသရဖူဘုရား၊ ဗားကရာကျောင်းကြီးသို့ သွားရောက်သည့် အင်းဝ-ဆင်ကျူံး လမ်းမဘေး တွင် တည်ရှိကြောင်းသိရသည်။

နန္ဒာမင်းလွင်
The Union Daily

No comments:

Post a Comment