Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2013

သတင်းထောက်၏ စုံစမ်းမေးမြန်းမှုအား လျစ်လျူရှုခဲ့သည့် ရဲတပ်ဖွဲ့ဝင်ကို ခရိုင်ရဲမှူး စုံစမ်းဖော်ထုတ်အရေးယူမည်



မီဒီယာများက သိလိုသည့်အချက် များအားဖုန်းဆက်မေးမြန်းသည်ကို ဖုန်း မကိုင်ဘဲ မသိကျိုးကျွံပြုနေသည့် ရဲတပ် ဖွဲ့ဝင်အား စုံစမ်းအရေးယူမည်ဟု ကလေးခရိုင် ရဲ တပ်ဖွဲ့မှူးက ပြောသည်။

ရဲဇာနည်ဖေ့စ်ဘွတ်တွင် ဖော်ပြ ထားသည့် တိုင်ကြားစာနှင့်ပတ်သက်၍ ခရိုင်ရဲမှူးကြီးက ”ဒီအတိုင်းဆိုရင်တော့ ဒါမဖြစ်ဘူး။ ကျွန်တော့်လူတွေမှားနေ တယ်။ ပြည်သူကို ဘယ်လိုဆက်ဆံရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ အကြိမ်ကြိမ်ရှိ ပြီးသား။ စာနဲ့တင်ညွှန်ကြားတာ မဟုတ် ဘူး။ ကျွန်တော်အားတဲ့အခါ စနေ၊ တနင်္ဂ နွေညပိုင်းမှာ အကြိမ် ကြိမ်ပေါ့ဗျာ၊ ပြော ဆိုဆုံးမထားတာတွေရှိပါတယ်။ ဒီလို လိုက်နာမှုအားနည်းတာကတော့ အများ နဲ့ဆိုတော့ရှိပါလိမ့်မယ်။ တကယ်လို့ မှန် ကန်တယ်၊ ပေါ်ပေါက်တယ် ဆိုရင်ထိုက် သင့်တဲ့အရေးယူဆောင်ရွက်မှု လုပ်ပါ မယ်။ ဒီလိုမဖြစ်အောင် တာဝန်ယူပါ တယ်”ဟု ပြောကြားခဲ့သည်။

ရဲဇာနည်ဖေ့စ်ဘွတ်တွင် ”သက် ဆိုင်ရာရဲစခန်းမှ တာဝန်ကျရဲအရာရှိ များက ရိုင်းပျစွာဆက်ဆံလျက်ရှိပါ သည်။ ပြည်တွင်းသတင်းမီဒီယာများ အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကောင်းမွန်သည့် လုပ်ဆောင်ချက်များ ကိုကလေးမြို့ ပြည်သူများသိရှိအောင်ချပြပေးချင်သည့်စေတနာဖြင့် ဖုန်းဘီလ် အကုန်အကျခံကာ သတင်းတင်ပေးချင် ၍ မူးယစ်သတင်းများကို ဖုန်းဆက်မေး မြန်းသည့်အခါ ရဲစခန်းများမှ တာဝန်ကျ ရဲဘော်များက မသိကျိုးကျွံပြုကာ ဖုန်း မကိုင်ဘဲ ဘာမှစကားမပြောဘဲနေသည် ကို တွေ့ရှိရ ပါသည်။

ယင်းကိစ္စအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သန့်စင် ကောင်းမွန်သည့် သတင်းအချက်အ လက်များကို ပြည်သူများသိရှိနိုင်ပါရန် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေ ပါ သော်လည်း ကလေးမြို့ရှိ ရဲစခန်းများ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကို စော်ကားသလိုဖြစ်နေပါသည်။ ထို့ ကြောင့် အကောင်းမြင်သဘောဖြင့် ပြောရပါလျှင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာအား လျစ်လျှူမရှုဘဲ ပြန်လည် ဖြေကြားပေးစေချင်သည့် ရည်ရွယ်ချက် ဖြင့် ရေးသားပေးပို့ပါသည်”ဟု ဖော်ပြ ထားသည်။

ချစ်သူမောင်

Popular Myanmar News Journal

No comments:

Post a Comment