- 03 December 2013 |
- By 8 Days
A. အနုပညာနဲ့ ပတ်သက်ပြီး တော့ အခုလတ် တလော မေက မဂ္ဂဇင်း၊ ဂျာနယ်၊ ကြော်ငြာတွေကို ပဲ ဓာတ်ပုံရိုက်ဖြစ်နေပါတယ်။ ရုပ် ရှင်တော့ မရိုက်ဖြစ်သေးဘူး။ ရုပ် ရှင်နဲ့ ပတ်သက်ပြီးတော့ ကမ်းလှမ်း ထားတာ မရှိသေးဘူး။ မေက မော် ဒယ်လိုင်းဖက်ကိုပိုအားသန်ပြီးလေ့ လာဖြစ်နေပါတယ်။
Q. Miss ပြိုင်ပွဲတွေကော ဝင် ပြိုင်ဖူးလား။
A. မော်ဒယ်နဲ့ပတ်သက်ပြီး ပြိုင်ပွဲတော့ မပြိုင်ဖြစ်ဘူး။ တီဗီ ကြော်ငြာလောက်ပဲ ရိုက်ဖြစ်တယ်။ ပြိုင်ပွဲကိုတော့ ပြိုင်ချင်ပါတယ်။ မ တိုက်ဆိုင်သေးလို့ပါ။
Q. အခုမြန်မာပြည်မှာ ခေတ် စားနေတဲ့ Miss Universe လိုမျိုး သွားပြိုင်ဖို့ကိုရော မစဉ်းစားမိဘူး လား။
A. မတ်လဆိုရင် ဩစတြေး လျမှာ ကျောင်းသွားတက်တော့မှာ ပါ။ Miss လုပ်ဖို့အတွက် အချိန် မရတော့ပါဘူး။ Miss နိုင်သွားရင် တစ်နှစ်နီးပါးလောက် အလုပ်တွေ လုပ်ရတော့မှာဆိုတော့ မဖြစ်နိုင် လို့ပါ။
Q. ဘာအတွက် ကျောင်း သွားတက်မှာလဲ။ ဒီလိုဆိုရင် အနု ပညာနဲ့ ပတ်သက်ပြီး အလှမ်းကွာ သလိုဖြစ်သွားမှာပေါ့။
A. ဩစတြေးလျမှာ တက်မှာ က Business marjor ကိုသွား တက်မှာပါ။ လေးနှစ်လောက်တော့ ကြာမှာ။ အနုပညာနဲ့ ပတ်သက်ပြီး တော့ အရမ်းကွာဟ သွားမှာတော့ မဟုတ်ပါဘူး။ တစ်နှစ်ကို နှစ်ခါ လောက်တော့ မြန်မာနိုင်ငံကို ပြန် လာဖြစ်မှာပါ။ အဲဒီလို မြန်မာပြည် ကို ခဏတာပြန်လာ တဲ့အချိန်မျိုး တွေမှာ မေကတော့ အနုပညာ အ လုပ်တွေကို လုပ်ချင်တာ မေ့ကို ခေါ်မယ်ဆိုရင်ပေါ့။
Q. မေဂရေ့စ်ရိုက်ထားတဲ့ ဇာတ်ကားတွေအပေါ် အားရမှုရှိရဲ့ လား။ ပရိသတ်က ဘယ်လိုမျိုးတုံ့ ပြန်ဖြစ်ပါလဲ။
A. ကိုစိုင်းနဲ့ ရိုက်ထားတဲ့ ဇာတ်ကားက မထွက်သေးဘူး။ အဲဒီ ဇာတ်ကားမရိုက်ခင်တုန်းကတော့ ကိုနေတိုးနဲ့ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်တဲ့ “ချစ်ခြင်းသီတဲ့လက်များ” ဆိုတဲ့ ဇာတ်ကားလေးရိုက်ထား တယ်။ အဲဒီမှာ ပရိသတ်တွေက မေ့ ကိုပြောတယ်။ အသံကိုအားထည့် ပြီး မပြောဘူးတဲ့။ နောက်တစ်ခါ ရိုက်ရင် အသံကို အားထည့်ပြီးပြော ပါလို့ ပြောပါတယ်။
Q. ဇာတ်ကားရိုက်တော့ ကြုံ ရတဲ့ အခက်အခဲတွေက..
A. စိုင်းစိုင်းနဲ့ ရိုက်ထားတဲ့ ဇာတ်ကားက ရုပ်ရှင်ဇာတ်ကားကြီး ပါ။ အဲဒီတုန်းက ရိုက်ကွင်းပေါ်မှာ ဆိုရင် မေက မြန်မာစကားကိုသိပ် ပြီး ကျွမ်းကျွမ်းကျင်ကျင် မပြော တတ်တော့ ဒိုင်ယာလော့ခ်တွေပြော တဲ့အခါ ခက်ခဲတယ်။ မရိုက်ခင် တော့ ကိုစိုင်းစိုင်းက ကူညီပေးပါ တယ်။ Q. မြန်မာစကားကို ရေရေ လည်လည်မပြောတတ်သလိုပဲနော်။ နောက်ပိုင်း ဘယ်လိုလေ့ကျင့်ယူဖြစ် မလဲ။ A. မြန်မာစကားကိုတော့ နား ထောင်တဲ့အခါမှာ နားတော့လည် တယ်။ ဒါပေမဲ့ကိုယ်ပြန်ပြောတဲ့ အ ချိန်မျိုးမှာဆိုရင် ဘယ်လိုပြန်ပြော ရမလဲဖြစ်တာလေးတစ်ခုပဲရှိပါတယ်။
Q. မေဂရေ့စ်က ဘာလူမျိုး စပ်လဲ။ မြန်မာနာမည်ရော မရှိဘူး လား။
A. မေက ဩစတြေးလျ မျိုး ရိုးစပ်ပါတယ်။ မေ့ ဖေဖေက ဩ စတြေးလျလူမျိုးပါ။ နာမည်အရင်း ကလည်း မေဂရေ့စ်ပါပဲ။ မြန်မာ နာမည်မရှိပါဘူး။
Q. အနုပညာလောကထဲကို ဝင်ရောက်လာတော့ ဘယ်လို အ ခက်အခဲတွေက ဆီးကြိုနေတတ်လဲ။
A. အခက်အခဲတော့ မရှိပါ ဘူး။ မေက အရမ်းကံကောင်းတယ် လို့ပြောလို့ရပါတယ်။ အနုပညာ လောကထဲကိုဝင်တော့ အားလုံးက ဝိုင်းပြီးတော့ ကူညီပေးကြတယ်။ ဆ ရာကောင်းတွေနဲ့ တွေ့ခဲ့ရတော့ အ ခက်အခဲဆိုတာ မရှိခဲ့ဘူး။ အလုပ် လုပ်ရတာ အဆင်လည်းပြေပါ တယ်။ စရိုက်တုန်းကတော့ ဘယ်လို နေရမှန်းလဲမသိဘူး။ Idea မဂ္ဂဇင်း Cover စရိုက်တုန်းက ကိုမျိုးကျော် က မေ့ကိုပြောတယ်။ ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ပြီးတော့ ပို့စ် လည်းမပေးတတ်ဘူးတဲ့လေ။ ဒါက တော့ အမှတ်တရပေါ့။
Q. မြန်မာစကားကို ကျွမ်းကျင် စွာ မပြောတတ်တဲ့ သရုပ်ဆောင် တစ်ယောက်အတွက် ရိုက်ကွင်းပေါ် က အခက်အခဲတွေက..။
A. ဇာတ်ကားစရိုက်တုန်းက ဆိုရင် တချို့ မြန်မာစကားလုံးတွေ ဆိုရင် မေက မပြောတတ်ဘူးလေ။ ရိုက်ခါနီးမှာ အားလုံးတိုင်တွေပတ် ကြတာ။ ဒီဟာကို ဘယ်လိုရိုက်ရင် ကောင်းမလဲပေါ့။ နောက်ဆုံး စကား လုံးတွေပြောင်းပေးရတာပေါ့။ ဟို တလောတုန်းကလည်း အဲဒီအတိုင်း ပဲ ဦးစင်ရော်မောင်မောင်နဲ့ JAS Phone ကြော်ငြာရိုက်တာ စကား တစ်ခွန်းပြောတာ ထစ်နေလို့ ပြန် ပြောင်းပြီး ရိုက်ခဲ့ရတာတွေရှိခဲ့ပါ တယ်။ Q. မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်းမှာ ဘယ်အရာကို ပိုအားသန် လဲ။ A. မေက နှစ်ခုစလုံး ဝါသနာ ပါတော့ နှစ်ခုစလုံး လုပ်ရမယ်ဆိုရင် တော့ ကောင်းတာပေါ့။ ဒါကြောင့် နောက်ပိုင်းဆိုရင် မေက မြန်မာ စကားကို အကောင်းဆုံးပြောနိုင် အောင်ကြိုးစားနေပါတယ်။
Q. အဖေက ဩစတြေးလျ လူမျိုးဆိုတော့ သမီးဖြစ်သူရဲ့ အနု ပညာကို ဘယ်လိုအားပေးဖြစ်လဲ။
A. မေ့ရဲ့ ဖေဖေက ဩစ တြေးလျလူမျိုးဆိုပေမယ့် မေတို့နဲ့ အတူ မြန်မာနိုင်ငံမှာနေပါတယ်။ အဖေက အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါတယ်။ မနက်တိုင်းသူ့ သူ ငယ်ချင်းတွေနဲ့အတူ ဖေဖေက လမ်း လျှောက်ထွက်တိုင်း သမီးပုံပါတဲ့ ဂျာနယ်လေးတွေတွေ့တိုင်း ဝယ် ဝယ်လာပေးတတ်တယ်။ နောက်ပြီး မေ့ရဲ့ ဖေဖေက မေ ဓာတ်ပုံရိုက် တာတွေ၊ ဇာတ်ကားရိုက်တာတွေ ကို အားပေးပါတယ်။ ဟိုတလောက ပဲ TV Channel တစ်ခုက Celebrity's Pet ဆိုတဲ့ ကဏ္ဍကို အိမ်မှာလာရိုက်တာ။ အိမ်ကခွေး တွေရောပါတယ်ဆိုတော့ မေရိုက် တဲ့ ကဏ္ဍလေးကို သဘောတွေကျ ပြီး ကြည့်နေတာပေါ့။
Q. မေဂရေ့စ်က Romatic ဆန်တယ်လို့ ပြောရင်လက်ခံပါ လား။
A. မေက very romatic ဖြစ်တယ်လို့ ပြောလို့ရမယ်။ ရုပ်ရှင် တွေဆိုရင်လည်း အချစ်ဇာတ်ကား တွေကိုကြိုက်နှစ်သက်တယ်။
Q. Romatic ဆန်တာကို နှစ် သက်ရဲ့သားနဲ့ ဘာလို့ အချစ်ကို မတွေ့သေးတာလဲ။
A. မသိသေးဘူး။ ငယ်သေး တော့လည်း မသိပါဘူး။ တစ်ရက် တော့တွေ့မှာပါ။ One Day ပေါ့။
Q. ဖက်ရှင်နဲ့ ပတ်သက်ပြီး အခုလက်တလောစိတ်ဝင်စားနေ တာကရော
A. မေက အခုလတ်တလော ကိတ်မတ်ထရယ်ရဲ့ စတိုင်လ်ကို အရမ်းသဘောကျတယ်။ သူပွဲ တက်တဲ့ ဂါဝန်လေးတွေဆိုရင် သေ ချာမှတ်ထားပြီး သိမ်းထားတတ် တယ်။
Q. နိုင်ငံတကာက ဖက်ရှင် စတိုင်လ်နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ရှင် စတိုင်လ် ဘာတွေကွာခြားတယ်လို့ မြင်မိလဲ။
A. မြန်မာပြည်ကတော့ Traditional ကို အဓိကထားတယ်။ ဟို နိုင်ငံက ဖက်ရှင်တွေကျတော့ Modelling ပိုဖြစ်တယ်။ ဟိုက ဖက်ရှင်တွေကျတော့ အရမ်းဖော်ပြီး ရဲတင်းတယ်။ မြန်မာကျတော့ ရိုး ရာယဉ်ကျေးမှုကို ပိုပြီး အလေး ထားပါတယ်။
Q. ဘာကြောင့်စီးပွားရေး ဘာသာရပ်ကို အဓိကယူဖြစ်ပါလဲ။
A. မေက ဩစတြေးလျမှာ Business Major နဲ့ ဩစတြေး လျမှာ ကျောင်းသွားတက်မှာပါ။ ဆေးတက္ကသိုလ် အမှတ်မီရဲ့သားနဲ့ မတက်ဖြစ်တာလည်း စီးပွားရေး ပညာရပ်ကို ဝါသနာပါလို့ပါ။
Q. အင်တာဗျူးမှာ မေဂရေ့စ် ပြောချင်တဲ့ နောက်ဆုံး အကြောင်း အရာနဲ့ နှုတ်ဆက်ပေး ပါဦး။
A. 8 days က ပရိသတ်တွေ ကို ဆုတောင်းပေး ချင်ပါတယ်။ 8 days မှာဓာတ်ပုံ ရိုက်ရတာလည်း ပျော်ပါတယ်။ မေ့အနေနဲ့ အနု ပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်သွားမှာပါ။ မေ့ရဲ့ အနု ပညာတွေကို ပရိသတ်တွေအား ပေးစေချင်ပါတယ်။ အားလုံး ကျန်း မာချမ်းသာကြပါစေ။
No comments:
Post a Comment