မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်
မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၉ လမ်းဒေါင့်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်မှာ
ဒီဇင်ဘာ ၂၄ ရက် ၅ နာရီကျော်ကျော်က ဓါးပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။
ဒီဓါးပြတိုက်မှုမှာ တရားခံလို့ယူဆရသူ တယောက်ကိုမိထားတယ်လို့ အမှတ် ၈
ရဲစခန်းက အတည်ပြုပြောကြားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်တွေအဆိုအရ
လူသုံးယောက်လာပြီး တယောက်က သေနတ်ပြခြိမ်းခြောက်ခဲ့တာကို
အော်ဟစ်အကူအညီတောင်းလို့ ဓါးပြကသေနတ်နဲ့ပစ်လိုက်တဲ့အတွက်
လူတဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ အဲဒီနောက် ဓါးပြတွေထွက်ပြေးရာက
ပတ်ဝန်းကျင်အကူအညီနဲ့ တယောက်ကိုဖမ်းမိပြီး ၂ယောက်လွတ်သွားတယ်လို့
ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ် ၈ ရဲစခန်းကတော့
အသေးစိတ်စုံစမ်းဆဲမို့ဆိုပြီး အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
BBC Burmese
------------------------------
မန္တလေးမြို့ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်ခံရ (ဓာတ်ပုံ)
မန္တလေးမြို့က
မောင်ကိန်းရွှေဆိုင်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းက
မျက်နှာအုပ်ထားတဲ့ လူတယောက်က သေနတ်၅ချက်ဖောက်ပြီး ဓါးပြတိုက်မှု ဖြစ်ပွား။
ရွှေကလစ်တချို့ လုယက်သွား။ အပြင်ပြန်အထွက် ဆိုင်ဝန်ထမ်းတွေက ၀ိုင်းဖမ်း။
အသက်၃၀ ၀န်းကျင် လူရည်သန့် ဖမ်းဆီးမိထားတဲ့ တရားခံကို ရဲစခန်းမှာ
စစ်ဆေးနေဆဲ။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
မန္တလေးမြို့က မောင်ကိန်းရွှေဆိုင်မှာ မျက်နှာအုပ်ထားတဲ့ လူတယောက်က ဒီကနေ့ ညနေပိုင်းက သေနတ်ဖောက်ပြီး ဓားပြတိုက်ခဲ့ပါတယ်။
အသက် ၃၀ ၀န်းကျင်အရွယ် ဓားပြတိုက်သူဟာ ရွှေကလစ်တချို့ လုယက်ပြီး
အပြင်ပြန်အထွက်မှာ ဆိုင်ဝန်ထမ်းတွေက ၀ိုင်းဖမ်းပြီး တာဝန်ရှိသူတွေကို
အပ်နှံလိုက်တယ်လို့ သိရပါတယ်။
by ဒီဗွီဘီ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 24, 2013
မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်
မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်
Reviewed by VC
on
December 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment