Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 10, 2013

မုံရွာမြို့ပေါ်၌ ပိုက်ဆံအိတ် လုယက်သူများအား ဖော်ထုတ်အရေးယူ


သတင်း+ ဓာတ်ပုံ + မူပိုင် = ကိုတိုးကြီး ( မဇ္ဈိမ)
ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကြီး၏ လူစည်ကားရာလမ်းမကြီးများပေါ်တွင် ဥဒဟိုသွားလာလျက်ရှိသော ဆိုင်ကယ်စီး အမျိုးသမီး များထံမှ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို လုရာပါပစ္စည်းများနှင့်တကွ ဖော်ထုတ်ဖမ်းဆီးလိုက်ပြီးဖြ
စ်ကြောင်း မုံရွာမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ မဇ္ဈိမသို့ပြောသည်။
ညအချိန်လမ်းသွားလမ်းလာရင်း ပိုက်ဆံအိတ်လုယက်ခံရကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သူ လူသုံးဦးရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံကြီး၊ အရိုးဌာနမှ ဆရာဝန် တစ်ဦး၊ ကျူရှင်ဆရာမ တစ်ဦးနှင့် တိုင်းစာရင်းစစ်ဌာနမှတစ်ဦးတို့ဖြစ်သည်ဟု ရဲမှူး ကြူအင်းမှ ဆိုသည်။
ပိုက်ဆံအိတ်များ လုယက်ခြင်းခံရသည့် ဒုစရိုက်မှု ကျူးလွန်ဖြစ်ပွားခဲ့သော နေရာများသည် ညအချိန်တွင် လမ်းမီးအလင်း ရောင်း လုံလောက်စွာမရရှိသည့်အတွက် အမှောင်ထုကို အကာအကွယ်ရယူ၍ ဒုစရိုက်သမားများက ထိုကဲသို့ လုယက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပိုက်ဆံအိတ် အလုခံရသူများက မဇ္ဈိမသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ်(၉)၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း(၄)၊ ပုဒ်မ (၉)၊ အပိုဒ်ခွဲ ပုဒ်မ(င) တွင် လမ်းမီးပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဟု ဖော်ပြပါရှိသော်လည်း ပြည်ထောင်စု လမ်းမကြီး နှင့် ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်၏ မြောက်ဘက်မှ စတင်၍ ဆင်နှစ်ကောင် ဘုရားအနီးထိ လမ်းမကြီးတလျာက် လမ်းမီး အလင်းရောင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
ထိုမျှမက ကျောက္ကာလမ်းမကြီးတလျောက်တွင်လည်း လမ်းမီးများ လိုအပ်လျက်ရှိနေသေးသည်။ ညအချိန်၌ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေနိုင်သော ဒုစရိုက်မှုများ ဖြစ်ပွားသည့်နေရာများသည် လမ်းမီးအလင်းရောင် လုံလောက်စွာမရရှိသော နေရာများဖြစ်ကြောင်း မှုခင်းဖြစ်စဉ် မှတ်တမ်းများအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

No comments:

Post a Comment