Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 9, 2013

ဘောလုံးပရိသတ်ချင်း တိုက်ခိုက်ရာမှ ကွင်းထဲထိ ရဟတ်ယာဉ် ဆင်းသက်ခဲ့ရ

ကမ္ဘာ့ဖလား အုပ်စုအဆင့် မဲခွဲပြီး ရက်ပိုင်းအတွင်း ယင်းပြဿနာ ပေါ်ပေါက်လာခြင်းကြောင့် ဘရာဇီးလ် ကမ္ဘာ့ဖလား၌ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြစရာများ ကြီးထွားလာခဲ့ပြီ ဖြစ်သည်

ဘောလုံးပရိသတ်ချင်း တိုက်ခိုက်ရာမှ ကွင်းထဲထိ ရဟတ်ယာဉ် ဆင်းသက်ခဲ့ရ

ဘရာဇီးလ် နိုင်ငံတွင် ဖြစ်ပွားသည့် ဘောလုံးပရိသတ်ချင်း ရန်ပွဲကြောင့် ဘောလုံးကွင်းထဲ ရဟတ်ယာဉ်ဆင်းပြီး ဒဏ်ရာရသူ တစ်ဦးကို ဆေးရုံတင်ပို့ရသည်အထိ အခြေအနေ ဆိုးရွားခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ဖလား အုပ်စုအဆင့် မဲခွဲပြီး ရက်ပိုင်းအတွင်း ယင်းပြဿနာ ပေါ်ပေါက်လာခြင်းကြောင့် ဘရာဇီးလ် ကမ္ဘာ့ဖလား၌ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြစရာများ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ အက်သလက်တီကိုပီအာရ်နှင့် ဗာစကို ဒဂါးမားတို့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်သော ပွဲစဉ်တွင် ပွဲကြည့်စင်၌ ပရိသတ်အချင်းချင်း အပြန်အလှန် တိုက်ခိုက်ရာမှ အုတ်အော်သောင်းနင်း အခြေအနေတစ်ခု အစပြုခဲ့သည်။

တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာများ ရခဲ့သည့်နောက် ရဲများက ကြားဝင်ခဲ့ရသည်။ ရဲတပ်ဖွဲ့သည် ရန်ပွဲကို ဖြေရှင်းရန်အတွက် ရော်ဘာကျည်ဆန်များကိုပါ အသုံးပြု ပစ်ခတ်ခဲ့ရသည်။ ထို့အပြင် ပွဲကိုလည်း မိနစ်(၇၀)မျှ ရပ်နားထားပြီးမှ ပြန်လည် အစပြုနိုင်ခဲ့သည်။ လူတစ်ဦးမှာမူ ဒဏ်ရာပြင်းထန်လွန်းသဖြင့် ကွင်းထဲထိပါ ရဟတ်ယာဉ်ဆင်းပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ "ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်းပါတယ်"ဟု ဗာစကို ဒဂါးမားနည်းပြ အဒီလ်ဆန် ဘာတစ္စတာက ဝေဖန်ခဲ့သည်။

"ကမ္ဘာ့ဖလား မတိုင်ခင် ဒီလိုပုံရိပ်တွေ မြင်ရတာ တုန်လှုပ်မိပါတယ်။ ဒါဟာ အားကစားမဟုတ်ဘူး။ အကြမ်းဖက်မှုပါ"ဟု ၎င်းက ဆိုသည်။ ရုပ်မြင်သံကြား သတင်းဌာနများက ကစားသမားများက သက်ဆိုင်ရာ အသင်းပရိသတ်များကို အော်ဟစ်ကာ စိတ်အေးအေးထားရန် နှစ်သိမ့်နေသည်ကို ပြသခဲ့သည်။ အချို့ကလည်း ခေါင်းပေါ်တွင် လက်တင်ကာ ပရိသတ်များကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့ကြသည်။ ယခုပွဲတွင် အက်သလက်တီကို အသင်းက (၅-၁)ဖြင့် အနိုင်ရသွားခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment