Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 5, 2013

နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်ရောက်အောင် ထိန်းကျောင်းပေးနေဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းအပေါ် မရောက်ရောက်အောင် တပ်မတော်က ထိန်းကျောင်းကာ တင်ပေးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရ အဖွဲ့ရုံးတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ဒီစကားကို လူထုရှေ့မှာ နှုတ်နဲ့ ပထမဆုံးအကြိမ် ထုတ်ပြောခြင်း ဖြစ်တယ်။ ကျွန်တော်တို့ စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ချင် တယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးမှ သာယာတဲ့ တိုင်းပြည်၊ တိုးတက်တဲ့ တိုင်းပြည် ဖြစ်ချင်တယ်။ ဒီနေ့ ကျွန်တော်တို့က မရ ရအောင် ထိန်းကျောင်း ပြီး တင်ပေးနေတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းအခမ်းအနားတွင် ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် တပ်မတော်သည် ပြည်သူနှင့် တစ်သား ရှိနေမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုကြောင်း အဆိုပါ အခမ်းအနား တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြန်လည် ပြောကြားသည်။

တပ်မတော်၏ သဘောထား ရပ်တည်ချက်ကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ရှင်းပြသည့်အတွက် ကြိုဆိုသော်လည်း တပ်မတော်ကို ပြည်သူလူထု ယုံကြည်မှု ရရှိရန်လည်း လက်တွေ့ကျသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း ဦးအောင်မြကျော်က သုံးသပ်သည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များကိုလည်း တပ်မတော် အနေနှင့် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ဦးအောင်မြကျော်က ထပ်မံပြောဆိုသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူရှင်များနှင့် စုပေါင်းကာ ကျပ်သိန်း ၁၈၂၀ ကျော် လှူဒါန်းခဲ့ကြောင်း အဆိုပါ အခမ်းအနား တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

No comments:

Post a Comment