Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 20, 2013

ခင်ပွန်းဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ဟု လက်ထပ်ပြီးခါစ ဇနီးသည်က ရဲစခန်းတွင် အမှုဖွင့်

 
သော်ဇင်ထက်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ လက်ထပ် ပြီးခါစဇနီးသည်က ယောက်ျားဖြစ်သူအား အလို မတူဘဲ သားမယားအဖြစ်ပြု ကျင့်သည်ဟုဆိုကာ ကမာရွတ် မြို့နယ်တွင် တိုင်တန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရ သည်။

အမျိုးသမီးမှာ ခင်ပွန်း ဖြစ်သူနှင့် ဒီဇင်ဘာ ၅ရက်တွင် လက်ထပ်ခဲ့သူဖြစ်ပြီး ဇနီးဖြစ် သူ၏မိဘများ သဘောမတူ သည်ကို မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ အရက်ပုလင်း နှင့် ရိုက်နှက်ခြင်း၊ အခန်းတံခါး သော့ ပိတ်ထားပြီး အပြင် သို့ အော် ဟစ် အကူအညီ တောင်းခံပါက မီးဖိုချောင်မှ ဓားဖြင့်ထိုးသတ် မည်ဟု ခြိမ်းခြောက်ခြင်းများပြု ကာ ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် အထိ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့်အတွက် ဒီဇင် ဘာ ၁၈ရက်တွင် ကမာရွတ်ရဲ စခန်း၌ တိုင်ချက် ဖွင့်ခဲ့ ကြောင်း သိရသည်။

တိုင်ချက်ဖွင့်ခဲ့သူအသက်၂၇နှစ်အရွယ်အမျိုးသမီးမှာဒီဇင်ဘာ ၃ရက်က ရည်းစားဖြစ်သူနှင့်ချိန်းဆိုစဉ်
ရည်းစားဖြစ်သူမှ ခိုးရာလိုက်ရန်ပြောကြောင်း၊ ကားအားရပ်တန့် ရန်ပြောဆို၍မရခဲ့သဖြင့်ချောင်းသာသို့ ခိုးရာလိုက်ပြေးခဲ့ကြောင်း။ယင်းနောက်ရန်ကုန်သို့ ထွက်
ခွာခဲ့ပြီးဗိုလ်တစ်ထောင်တရားရုံးတွင် နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြောင်းသိရသည်။ယင်းနောက်ခင်ပွန်းဖြစ်သူ
မိခင်စီစဉ်ပေးမှုဖြင့်ကမာရွတ် (၄)ရပ်ကွက်သင်္ဘောကျင်းတွင်တိုက်ခန်းငှားရမ်းနေထိုင်ခဲ့ပြီး မိခင်ဖြစ်သူပြန်သွားပြီးနောက်ခင်ပွန်းဖြစ်သူ၏ခြိမ်းခြောက်ရိုက်နှက်မှုများခံရပြီး ဒီဇင်ဘာ ၁၅ရက်တွင် ခင်ပွန်းအိပ်ပျော်နေစဉ်ထွက်ပြေး၍ ဒေါပုံမြို့ နယ်ရှိ အဒေါ်ဖြစ်သူနေအိမ်သို့ ထွက်ပြေးခဲ့သည်။
တိုင်တန်းသူအမျိုးသမီးမှာ အသက် ၂၇ နှစ်အရွယ်ရှိပြီး အသုတ်မြို့ ဗိုလ်မင်းရောင်ရပ်ကွက်တွင်နေထိုင် သူဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ အသက် ၂၃ နှစ်ရှိကြောင်းသိရသည်။ယင်းတိုင်တန်းမှုနှင့်ပတ်သက်ပြီး ကမာရွတ်မြို့ နယ်ရဲစခန်းမှ (ပ)၅၃၅/၁၃။ပြစ်မှုပုဒ်မ ၃၇၆/၃၄၃/၃၂၃/၅၀၆ ဖြင့် ဒီဇင်ဘာ၁၈ရက်တွင်အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သော်ဇင်ထက်


No comments:

Post a Comment