Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 16, 2013

ကင်ဆာရောဂါ အတွက် ကုသမှု ခံယူသူများ အိပ်ရေးဝရန်လို

ကင်ဆာရောဂါ အတွက် ကုသမှု ခံယူသူများ အိပ်ရေးဝရန်လိုကင်ဆာကုသမှု ခံယူနေတာ ကြောင့် လွယ်လွယ်ကူကူ မောပန်းနိုင် ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေထက် ပိုပြီး အိပ်စက်ဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ကင်ဆာကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်တာ၊ စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာ၊ ညဘက်ချွေးထွက် တာလို မျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှု အကျင့်ကို ပြောင်းလဲစေ တတ်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပေးပါ။
- အိပ်ရာမှ နိုးထလာခဲ့ရင် ပန်းခြံထဲ လမ်းလျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာနဲ့ ယောဂလုပ် တာလိုမျိုး လေ့ကျင့် ခန်းတချို့လုပ်ပေးပါ။
- သင် အိပ်ရာဝင်ချိန်မှာ သင့်အိပ်ခန်းကို ဆိတ်ငြိမ်မှုရှိပြီး သက်သောင့်သက်သာ ရှိအောင် အတတ်နိုင်ဆုံးပြု လုပ်ထားပါ။
- အိပ်ရာမဝင်ခင်မှာ နွားနို့၊ ပျားရည် ဒါမှ မဟုတ် ဘီစကွတ်လိုမျိုး ကဖင်းမပါတဲ့ အစာတွေ စားပေးပါ။
- အိပ်ရာမဝင်ခင်မှာ ခြေထောက်တွေကို အသာအယာ အနှိပ်ခံပါ။
- နာကျင်တာကြောင့် သင်အိပ်ရာမှ နိုးထစေခဲ့ရင် သင့်ဆရာဝန်ကို အကိုက် အခဲပျောက်ဆေး ဒါမှမဟုတ် အိပ်ဆေး ပေးဖို့ တောင်းဆိုပါ။ 

No comments:

Post a Comment