Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 18, 2013

ဟားဗတ်တက္ကသိုလ် ဗုံးလန့် စာမေးပွဲအချို့ ဖျက်သိမ်းခဲ့ရ

ဟားဗတ်တက္ကသိုလ် ဗုံးလန့် စာမေးပွဲအချို့ ဖျက်သိမ်းခဲ့ရအမေရိကန် ပြည်ထောင်စု ကမ္ဘာကျော် တက္ကသိုလ်ကြီး တစ်ခုဖြစ်သော ဟားဗတ်တွင်  ဗုံးလန့်မှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် လူများ အရေးပေါ် တိမ်းရှောင် စေခြင်း၊ ရဲများ ရောက်လာခြင်း စသည်တို့ ဖြစ်ပွားခဲ့ရာ အတန်းတင် စာမေးပွဲအချို့ ရွှေ့ဆိုင်း ခဲ့ရကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။
ပေါက်ကွဲမှု တစ်စုံတစ်ရာ မဖြစ်ခဲ့ကြောင်း ဟားဗတ်တက္ကသိုလ်၏ twitter စာမျက်နှာက ရေးသား ထုတ်ပြန်ထားပြီး ရဲများ ဝင်ရောက်ကာ ပိုက်စိတ်တိုက် ရှာဖွေခြင်း၊ ကျောင်း၏ ဝေဟင်ပေါ်တွင် ရဟတ်ယာဉ်များ ပျံသန်းရှာဖွေခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြော ကြားကြသည်။ သိပ္ပံဌာန၊ ကျောင်းသား အဆောင်များ၊ စာသင်ခန်းများနှင့် အီမာဆင် အဆောက်အအုံမှ ဒဿနိက ဌာနတို့တွင် ရောက်ရှိနေသူများ အမြန်တိမ်းရှောင်ကြရန် တက္ကသိုလ် အာဏာပိုင်က ချက်ချင်း အမိန့်ထုတ်ခဲ့သည်။
ငါးနာရီနှင့် လေးဆယ့်နှစ်မိနစ်ကြာ လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး တက္ကသိုလ် အာဏာပိုင်က အဆောက်အအုံများ အန္တရာယ်ကင်းရှင်းပြီ ဖြစ်၍ ပြန်ဝင်၍ ရပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဗုံးကို မတွေ့ရှိခဲ့ရဘဲ ရဲတပ်ဖွဲ့သို့ ကျောင်း၏နေရာ တစ်နေရာတွင် ဗုံးထောင်ထားကြောင်း အီးမေးလ်တစ်စောင် ဝင်လာခဲ့ရာမှ အဆိုပါ ဗုံးလန့်မှု စတင်ဖြစ်ပွားခဲ့ခြင်းဟု ကျောင်းက ထုတ်ပြန်ထားသည်။ “သံသယရှိဖွယ်ရာ မည်သည့် ကိရိယာကိုမှ မတွေ့ရဘူးလို့ အစီရင်ခံစာ ရောက်ရှိလာပါတယ်” ဟု ဟားဗတ် တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ကေတီလက်ပ်က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် FBI ကဲ့သို့သော အဖွဲ့အစည်းများက ယင်းသို့ ဗုံးကောလာဟလကို မည်သူလွှင့်သည် ဆိုသည့်အချက်ကို စုံစမ်းထောက်လှမ်း နေကြကြောင်း ယင်းသတင်းက ဖော်ပြထားသည်။ ဟားဗတ်တက္ကသိုလ်သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်ပြီး ကျောင်းသားပေါင်း ၂၁၀၀၀ ပညာသင်ကြားနေသည့် မက်ဆာချူးဆက် ပြည်နယ် ကင်းဘရစ်ခ်ျမြို့မှ တက္ကသိုလ်ကြီး ဖြစ်သည်။
စာမေးပွဲသုံးခုကို ယခင်သတ်မှတ်ထားသည့် အချိန်ဇယား အတိုင်း ပြုလုပ်ကျင်းပခဲ့ပြီးနောက် ကျန်နှစ်ခုကို နေရာရွှေ့ဆိုင်း ခဲ့ရကြောင်း ကျောင်းသားများ ထုတ်ဝေသော သတင်းစာ၏ဥက္ကဋ္ဌ ဆမ်ဝိန်းစတော့က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် တက္ကသိုလ်ဝင်းများ ကျောင်းဝင်းများအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်တတ်သဖြင့် လက်နက်ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် အစိုးရက ကြိုးစားလျက်ရှိသည်။http://www.google.com/hostednews/afp/article/ALeqM5jkZDjpmXKzlldR9xwKBuxjgnqnqg?docId=3c43d1b9-2215-47a7-ac5c-02210ffc2d76

No comments:

Post a Comment