Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 7, 2013

ကိုယ်ရိုက်ထားတဲ့ ကားကို ကိုယ်ပြန်ကြည့်ပြီး စိတ်ညစ်တာမျိုး ရှိတယ် မိုးအောင်ရင်

ကိုယ်ရိုက် ထားတဲ့ Animation ဇာတ်ကားတွေမှာ နည်းပညာ ပိုင်းအရ လိုအပ်ချက်တွေ တွေ့ရ တယ်။ ဒါကတော့ ကျွန်တော်တို့ ကိုယ်တိုင်က နည်းပညာတွေ မစုံ သေးတာက တစ်ကြောင်း၊ ပိုက်ဆံ တွေက အဲဒီလောက်ထိ မသုံးနိုင်တာ ကတစ်ကြောင်း၊ အချိန်တွေ ကအ များကြီးမပေးနိုင်တာ တစ်ကြောင်း၊ ပညာရှင်တွေ မများတာကတစ်ကြောင်း လက်ညှိထိုးပြောရ မယ်ဆို ထိုးစရာ တွေကအများကြီး။ အဲဒီလိုဆိုတော့ ဒီရှိတာလေးနဲ့ပဲ ကျွန်တော်တို့မှာ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစား ရပါတယ်။
ပရိသတ်ကို လည်းဒါကို နားလည်ပေးဖို့ပဲ ကျွန် တော်ကပြောချင်ပါတယ်။ အဲဒီလို မပီပြင်တော့ ကိုယ့်ကားကိုယ်ပြန် ကြည့်ပြီး စိတ်ညစ်သွားတာမျိုးတွေ ရှိတယ်။ အဲဒီအချိန်ကျရင်ကျွန်တော် ခုနကပြောသလိုဟာလေးတွေနဲ့စိတ် ဖြေသိမ့်တယ်။ ကိုယ်တစ်ယောက် တည်း ခေါင်းဆောင် ပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားတာရှိတယ်။ ဝတ်မှုံရွှေရည်နဲ့ ကျွန်တော်နဲ့ဒါရိုက် တာမိုက်တီးရိုက်ထားတာ။ ကလော တွေ ဘာတွေမှာ သွားရိုက်ထားတဲ့ ကားမျိုး၊ အဲဒီကားက ဟာသပါပဲ။
အရှေ့မှာလည်း ဟက်ကော့တစ် ကားထွက်ပြီး သွားပြီ။ အဲဒီကားတွေ မှာလည်း ကိုယ့်ရဲ့တာဝန်ကကြီး တယ်။ တကယ်လို့ဒီကားကမပေါက် ခဲ့ဘူးဆိုရင် ကိုယ့်ကြောင့်ဖြစ်မှာ လေ။ ရှေ့ကားမှာတုန်းက စုပေါင်း ပြီး လူတွေ အများကြီးပါတဲ့ ကားမျိုး အုပ်စုဖွဲ့ပြီး ရိုက်တဲ့ကားမျိုးဆို ရင် ဒီအုပ်စုလိုက်ကြီးထဲက တစ်ယောက် ကိုရွေးပြီး ဒီတစ်ယောက်ကြောင့် မကောင်းတာဆိုပြီး အပြစ်တင်လို့ မရဘူး။ တကယ် ကိုယ်တစ်ယောက် တည်းရိုက်တယ် ဆိုရင်တော့ ဒီတစ် ယောက်တည်းကြောင့်ပဲလေ။ ဒီ ကောင့်ကြောင့် မကောင်းတာပဲလေ။ တခြားဘယ် သူ့ကိုမှ ရွေးစရာမလို ဘူး။ အဲဒီအတွက်ကြောင့် ကိုယ့် အတွက် ပိုတာဝန်ကြီးတယ်။

No comments:

Post a Comment