Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

မလေးရှားတွင် မြန်မာလုပ်သားများနှင့် အင်ဒိုလုပ်သားတို့ ပဋိပက္ခဖြစ် မြန်မာ ၉၇ ဦး ပုန်းရှောင်နေရ

Mizzima - News in Burmese

မဇ္ဈိမ

မလေးရှားရောက် မြန်မာအလုပ်သမားတို့နှင့် အင်ဒိုနီးရှားအလုပ်သမားတို့ အချင်းများလျက်ရှိရာ မြန်မာ့ နိုင်ငံရေးဒု-၀န်ကြီး ဦးဇင်ယော်ဦးစီးလျက် မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများနှင့် ဆက်သွယ်ကာ အ ကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနှင့်အင်ဒိုနီးရှားအလုပ်သမားတို့ အချင်းများရာနေရာသည် မလေးရှား “ဘရူနိုင်းနယ်စပ်ရှိ သင်္ဘော ကျင်းစက်ရုံတွင်ဖြစ်သည်ဟု ဖော်ပြထားပြီး “နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီးကိုယ်တိုင် ဦးစီး၍ မလေး နှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများ နှစ်နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒီဇင်ဘာ ၂၅ ရက်က ရေးသားထားသည်။

အဆိုပါပဋိပက္ခဖြစ်ပွားရာနေရာတွင် မြန်မာ ၉၇ ဦးရှိနေသည်ဟုလည်း ဦးဇော်ဋ္ဌေးကရေးသားထားသည်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် အွန်လိုင်းစာမျက်နှာတစ်ခုတွင်မူ“သဘောင်္ကျင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား နှစ်ဦးသည် အင်ဒိုနီးရှား နှစ်ဦး နှင့် ရန်ဖြစ်စကားများရာကနေ ပြဿနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်”ဟု ရေးသားထားသည်။

မြန်မာအလုပ်သမားတစ်ဦးကို ကိုးကား၍ အဆိုပါမီဒီယာက ဖေါ်ပြရာတွင် “ပြဿနာစဖြစ်တာက၂၃ ရက် တနင်္လာနေ့မှာပါ။ အဲဒီနေ့က ကျွန်တော်တို့ အိုတီဆင်းနေပါတယ်။ တချို့တစ်ဝက်က အခန်းမှာပါ။အခန်း မှာကျန်တဲ့ မြန်မာနှစ်ယောက်က စားသောက်ဖို့အတွက် ဆိုင်မှာ ပစ္စည်းတွေ သွားဝယ်တဲ့အခါ အင်ဒိုနီး ရှားလူမျိုးနှစ်ယာက်နဲ့ ရန်စထိုးကြိတ်ပြီး ပြဿနာဖြစ်ခဲ့ပါတယ်”ဟု ရေးသားထားသည်။

ယင်းနောက် အင်ဒိုနီးရှားလူမျိုး ၅၀၀ ခန့် မြန်မာလုပ်သားတို့နေထိုင်ရာသို့ ရောက်ရှိလာပြီး အဆောင်ရှိ ပစ္စည်းများ ရိုက်ချိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခြင်းကြောင့် ယင်းတို့နေထိုင်ရာနှင့် အလှမ်းဝေးသည့် ၀ပ်ရှော့တွင် တောင်းပန်ကာ နေထိုင်နေရသည်ဟုလည်း ရေးသားထားသည်။

No comments:

Post a Comment