CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 3, 2013
အကြွေးတွေ ကြေစေချင်ရင် တရုတ်တွေအားလုံးကို သတ်လိုက်ပါ
အကြွေးတွေ ကျေစေချင်ရင် တရုတ်တွေအားလုံးကို သတ်လိုက်ပါတယ်ဆိုတဲ့ အမေရိကန်က ကလေး
ဒီဇင်ဘာ ၃ ရက် ၂၀၁၃
ABC ရုပ်သံက ထုတ်လွင့်သွားတဲ့ Jimmy Kimmel ရဲ့ ကလေးများ ဆွေးနွေးခန်း အစီအစဉ် ကို တရုတ်အသိုင်းအ၀ိုင်း တော်တော်များများ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။
အမေရိကန်နိုင်ငံက တရုတ်အစိုးရ ကို ဒေါ်လာ ၁.၃ ထရီလီယံ (သန်း တစ်သန်းကျော်) အကြွေးတင်နေတဲ့ အပေါ် ကလေးတွေကို ဘယ်လို လုပ်သင့်သလဲ လို့ ကလေးတွေကို မေးခွန်းထုတ်လိုက်ပါတယ်။
ကလေးတစ်ယောက်က မဆိုင်းမတွပဲ .. တရုတ်ပြည်သွားပြီး တရုတ်လူမျိုးအားလုံးကို သတ်လိုက်မယ်။ လို့ ပြန်ဖြေပါတယ်။
ဒီအချက်အပေါ် ငြင်းခုန်မှု အမျိုးမျိုးထွက်နေတာပါ။
တချို့က အမေရိကန် လူဖြူတွေရဲ့ တရုတ်တွေ အပေါ်ထားတဲ့ သဘောထား ကို ထင်ဟတ် နေတယ် လို့ ပြောကြ တယ်။ တချို့က ကလေးစကားပဲ... ဟာသ အနေနဲ့ ထုတ်လွင့်တာပါ.. ဆိုပြီး ပြောကြပါတယ်။ တချို့က ထုတ်လွင့်တဲ့ ရုပ်သံ အပေါ် အပြစ်တင်ကြပါတယ်။
အမေရိက မှာ နေတဲ့ တရုတ်အသိုင်းအ၀ိုင်း ကလဲ ဆန္ဒပြကြပါတယ်။
အကြွေးတွေ ကြေစေချင်ရင် တရုတ်တွေအားလုံးကို သတ်လိုက်ပါ
Reviewed by VC
on
December 03, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment